21. ထိုနည်းတူစွာဒါဝိဒ်မင်းမျိုးရိုးမပြတ်စေ ရန်နှင့် ငါ၏အမှုတော်ဆောင်လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်မျိုးမပြတ်စေရန် ငါ့ အစေခံဒါဝိဒ်နှင့်ငါပြုခဲ့သည့်ပဋိညာဉ် ကိုလည်းဖောက်ဖျက်၍မရနိုင်။-
22. ငါသည်မိုးကောင်းကင်ကြယ်တာရာများနှင့် ပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ရေတွက် ၍မရနိုင်အောင် ငါ၏အစေခံဒါဝိဒ်၏သား မြေးများနှင့်ငါ၏အမှုတော်ဆောင်လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်တို့၏အရေ အတွက်ကိုတိုးပွားများပြားစေမည်'' ဟုမိန့်တော်မူ၏။
23-24. ထာဝရဘုရားသည်ငါ့အား``ငါသည်မိမိ ရွေးချယ်ထားသည့်ဣသရေလအိမ်ထောင်စု နှင့် ယုဒအိမ်ထောင်စုကိုပစ်ပယ်တော်မူပြီဟု လူတို့ပြောဆိုနေကြသည်ကိုသင်သတိပြု မိပါ၏လော။ သူတို့သည်ဤသို့လျှင် ငါ၏ လူမျိုးတော်အားမထီမဲ့မြင်ပြု၍လူမျိုး တစ်ရပ်အနေဖြင့်ပင်မမှတ်မယူကြတော့ ပေ။-
25. သို့ရာတွင်ငါထာဝရဘုရားသည်နေ့နှင့် ညဥ့်တို့နှင့်ပဋိညာဉ်ပြုကာ ကမ္ဘာမိုးမြေကို ထိန်းချုပ်ရန်အတွက်ဋ္ဌမ္မတာတရားကို ဖန်တီး၍ထား၏။-
26. ဤသို့ငါပြုခဲ့သည်မှာသေချာသကဲ့သို့ ယာကုပ်၏သားမြေးများနှင့်လည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်နှင့်လည်းကောင်းထား ရှိခဲ့သည့်ပဋိညာဉ်ကိုစောင့်ထိန်းရန်သေ ချာ၏။ ငါသည်အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ် တို့၏သားမြေးများကိုအုပ်စိုးရန်အတွက် ဒါဝိဒ်၏အမျိုးအနွယ်တစ်ဦးကိုရွေး ကောက်မည်။ ငါ၏လူမျိုးတော်အားတစ်ဖန် ပြန်၍ကောင်းစားစေမည်။ ငါသည်သူတို့ ၏အပေါ်၌ကရုဏာထားမည်'' ဟု မိန့်တော်မူ၏။