12. အနန္တတန်ခိုးရှင်ထာဝရဘုရားက``လူနှင့် တိရစ္ဆာန်ကင်းမဲ့၍သဲကန္တာရနှင့်တူသော ဤ ပြည်တွင်သိုးကျောင်းသားတို့သိုးများကို ထိန်းကျောင်းရာစားကျက်များရှိလာလိမ့် ဦးမည်။-
13. တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့်ယုဒ ပြည်တောင်ဘက်ဒေသတို့၌ရှိသောမြို့များ နှင့်ဗင်္ယာမိန်နယ်မြေတွင်လည်းကောင်း၊ ယေရု ရှလင်မြို့နီးနားပတ်ဝန်းကျင်မှကျေးရွာ များနှင့်ယုဒမြို့များ၌လည်းကောင်း သိုး ထိန်းတို့သည်မိမိတို့သိုးများကိုတစ်ဖန် ရေတွက်လျက်နေကြလိမ့်ဦးမည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
14. ထာဝရဘုရားက``ဣသရေလပြည်သား များနှင့်ယုဒပြည်သားတို့အား ငါထား ရှိခဲ့သည့်ကတိတော်ကိုအကောင်အထည် ဖော်စေမည့်အချိန်ကာလကျရောက်လာ လိမ့်မည်။-
15. ထိုနေ့ရက်ကာလ၌ဒါဝိဒ်၏သားမြေး အစစ်အမှန်တစ်ဦးကိုပေါ်ထွန်းစေမည်။ သူသည်လည်းတိုင်းနိုင်ငံတစ်ခုလုံးတွင် မျှတဖြောင့်မှန်သည့်အမှုတို့ကိုပြုလိမ့် မည်။-
16. ထိုအချိန်ကာလကျရောက်လာသောအခါ ယုဒပြည်သူတို့သည်ကယ်ဆယ်ခြင်းကိုခံရ ကြလိမ့်မည်။ ယေရုရှလင်မြို့သူမြို့သားတို့ သည်လည်းဘေးမဲ့လုံခြုံစွာနေထိုင်ရကြ လိမ့်မည်။ မိမိတို့မြို့တော်ကို`ငါတို့အား ကယ်တင်တော်မူသောထာဝရဘုရား' ဟူ၍ခေါ်ဝေါ်သမုတ်ကြလိမ့်မည်။-
17. ထာဝရဘုရားကဣသရေလပြည်တွင် အဘယ်အခါ၌မျှ ဒါဝိဒ်မင်းမျိုးရိုးမ ပြတ်ရစေရန်လည်းကောင်း၊-
18. ငါ၏ရှေ့မှောက်တွင်ရပ်လျက်မီးရှို့ရာပူဇော် သကာများကိုဆက်သ၍ ယဇ်များကိုပူဇော် ရန်အဘယ်အခါ၌မျှလေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်မျိုးမပြတ်စေရန်လည်း ကောင်း ငါထာဝရဘုရားကတိပြု၏'' ဟု မိန့်တော်မူ၏။
19-20. ထာဝရဘုရားသည်ငါ့အား``နေ့နှင့်ညဥ့်တို့ သည်မိမိတို့အချိန်ကျလျှင်ရောက်ရှိလာ စေရန်နေ့၌ငါပြုသည့်ပဋိညာဉ်၊ ညဥ့်၌ ငါပြုသည့်ပဋိညာဉ်ကိုဖောက်ဖျက်၍ မရနိုင်။-
21. ထိုနည်းတူစွာဒါဝိဒ်မင်းမျိုးရိုးမပြတ်စေ ရန်နှင့် ငါ၏အမှုတော်ဆောင်လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်မျိုးမပြတ်စေရန် ငါ့ အစေခံဒါဝိဒ်နှင့်ငါပြုခဲ့သည့်ပဋိညာဉ် ကိုလည်းဖောက်ဖျက်၍မရနိုင်။-