10. ထာဝရဘုရားက``ဤအရပ်သည်သဲကန္တာ ရကဲ့သို့လူသူတိရစ္ဆာန်များကင်းမဲ့ရာဖြစ် ၏ဟု လူတို့ပြောဆိုလျက်နေကြ၏။ ယုဒ မြို့များနှင့်ယေရုရှလင်မြို့လမ်းများ တွင်လူသူတိရစ္ဆာန်များဆိတ်သုဉ်းလျက် နေသည်ဆိုခြင်းမှာမှန်ပေ၏။ သို့ရာတွင် ထိုအရပ်တို့တွင်၊-
11. ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊`အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
12. အနန္တတန်ခိုးရှင်ထာဝရဘုရားက``လူနှင့် တိရစ္ဆာန်ကင်းမဲ့၍သဲကန္တာရနှင့်တူသော ဤ ပြည်တွင်သိုးကျောင်းသားတို့သိုးများကို ထိန်းကျောင်းရာစားကျက်များရှိလာလိမ့် ဦးမည်။-
13. တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့်ယုဒ ပြည်တောင်ဘက်ဒေသတို့၌ရှိသောမြို့များ နှင့်ဗင်္ယာမိန်နယ်မြေတွင်လည်းကောင်း၊ ယေရု ရှလင်မြို့နီးနားပတ်ဝန်းကျင်မှကျေးရွာ များနှင့်ယုဒမြို့များ၌လည်းကောင်း သိုး ထိန်းတို့သည်မိမိတို့သိုးများကိုတစ်ဖန် ရေတွက်လျက်နေကြလိမ့်ဦးမည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
14. ထာဝရဘုရားက``ဣသရေလပြည်သား များနှင့်ယုဒပြည်သားတို့အား ငါထား ရှိခဲ့သည့်ကတိတော်ကိုအကောင်အထည် ဖော်စေမည့်အချိန်ကာလကျရောက်လာ လိမ့်မည်။-
15. ထိုနေ့ရက်ကာလ၌ဒါဝိဒ်၏သားမြေး အစစ်အမှန်တစ်ဦးကိုပေါ်ထွန်းစေမည်။ သူသည်လည်းတိုင်းနိုင်ငံတစ်ခုလုံးတွင် မျှတဖြောင့်မှန်သည့်အမှုတို့ကိုပြုလိမ့် မည်။-