ယေ​ရ​မိ 33:1-12 Common Language Bible (BCL)

1. ငါ​သည်​ထောင်​ဝင်း​အ​တွင်း​တွင်​အ​ချုပ်​ခံ​ရ လျက်​ပင်​ရှိ​နေ​သေး​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​အား​တစ်​ဖန်​ဗျာ​ဒိတ်​ပေး​တော်​မူ ပြန်​၏။-

2. ကမ္ဘာ​မြေ​ကြီး​ကို​ပုံ​သွင်း​ဖန်​ဆင်း​၍​နေ သား​တ​ကျ​တည်​ရှိ​စေ​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က၊-

3. ``ငါ့​ကို​ဟစ်​ခေါ်​လော့။ ငါ​ထူး​မည်။ စိုး​စဉ်း​မျှ သင်​မ​သိ​နား​မ​လည်​သည့်​ထူး​ဆန်း​အံ့​သြ ဖွယ်​ကောင်း​သော​အ​မှု​အ​ရာ​များ​ကို​သင့် အား​ငါ​ဖော်​ပြ​မည်။-

4. ယေ​ရု​ရှ​လင်​မြို့​ရှိ​အိမ်​များ​နှင့်​ယု​ဒ​ဘု​ရင် ၏​နန်း​တော်​သည် ဝိုင်း​ရံ​ပိတ်​ဆို့​တိုက်​ခိုက်​ခံ ရ​သ​ဖြင့်​ပြို​ပျက်​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-

5. ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​လူ​အ​ချို့ သည်​တိုက်​ခိုက်​ကြ​လိမ့်​မည်။ ငါ​အ​မျက် ဒေါ​သ​ထွက်​၍​ကွပ်​မျက်​မည့်​လူ​တို့​၏ အ​လောင်း​များ​ဖြင့် သူ​တို့​သည်​ဤ​မြို့​ကို ပြည့်​နှက်​နေ​စေ​ကြ​လိမ့်​မည်။ မြို့​သူ​မြို့ သား​တို့​ပြု​ကျင့်​ခဲ့​သည့်​ဒု​စ​ရိုက်​များ ကြောင့်​ငါ​သည်​ဤ​မြို့​ကို​မျက်​နှာ​လွှဲ တော်​မူ​ပြီ။-

6. သို့​ရာ​တွင်​ငါ​သည်​မြို့​နှင့်​မြို့​သား​တို့​ကို ကု​စား​၍ ပြန်​လည်​ကျန်း​မာ​လာ​စေ​မည်။ မြို့ သူ​မြို့​သား​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု နှင့်​ဘေး​မဲ့​လုံ​ခြုံ​မှု​တို့​ကို​ရ​ရှိ​ရန်​ငါ ပြ​သ​မည်။-

7. ငါ​သည်​ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို ကောင်း​စား​စေ​မည်။ ထို​ပြည်​တို့​ကို​ရှေး​နည်း တူ​ပြန်​လည်​တည်​ဆောက်​၍​ပေး​မည်။-

8. ပြည်​သူ​တို့​ငါ့​အား​ပြစ်​မှား​ခဲ့​ကြ​သည့်​အပြစ် များ​ကို​ဆေး​ကြော​စင်​ကြယ်​စေ​မည်။ သူ​တို့ ၏​အ​ပြစ်​များ​နှင့်​ပုန်​ကန်​မှု​တို့​ကို​ငါ​ခွင့် လွှတ်​မည်။-

9. ယေ​ရု​ရှ​လင်​မြို့​သည်​ငါ​ဝမ်း​မြောက်​ဂုဏ်​ယူ ဝါ​ကြွား​စ​ရာ​ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ မျိုး​အ​ပေါင်း​တို့​သည် ထို​မြို့​အား​ငါ​ပေး အပ်​သည့်​ကောင်း​ကျိုး​ချမ်း​သာ​အ​ကြောင်း ကို​လည်း​ကောင်း၊ ထို​မြို့​သို့​ငါ​ဆောင်​ယူ လာ​သည့်​စည်​ပင်​ဝ​ပြော​မှု​အ​ကြောင်း​ကို လည်း​ကောင်း ကြား​သိ​ရ​သော​အ​ခါ​ကြောက် လန့်​တုန်​လှုပ်​၍​သွား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

10. ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​ရပ်​သည်​သဲ​ကန္တာ ရ​ကဲ့​သို့​လူ​သူ​တိ​ရစ္ဆာန်​များ​ကင်း​မဲ့​ရာ​ဖြစ် ၏​ဟု လူ​တို့​ပြော​ဆို​လျက်​နေ​ကြ​၏။ ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​လမ်း​များ တွင်​လူ​သူ​တိ​ရစ္ဆာန်​များ​ဆိတ်​သုဉ်း​လျက် နေ​သည်​ဆို​ခြင်း​မှာ​မှန်​ပေ​၏။ သို့​ရာ​တွင် ထို​အ​ရပ်​တို့​တွင်၊-

11. ဝမ်း​မြောက်​ရွှင်​မြူး​သံ​များ​နှင့်​မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး​တို့​၏​အ​သံ​များ ကို နောက်​တစ်​ဖန်​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရန်​ပူ​ဇော် သကာ​များ​ကို ငါ​၏​ဗိ​မာန်​တော်​သို့​ယူ​ဆောင် ကာ​သီ​ချင်း​အေး​ကူး​ကြ​သည့်​အ​သံ​များ ကို​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ သူ​တို့​က၊`အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​မြတ်​တော်​မူ​၍၊မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​သော​ကြောင့် ဖြစ်​၏' ဟု​မြွက်​ဆို​ကြ​လိမ့်​မည်။ငါ​သည်​ဤ​ပြည်​ကို​ရှေး​က​နည်း​တူ​ပြန်​လည် ကောင်း​စား​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

12. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``လူ​နှင့် တိ​ရစ္ဆာန်​ကင်း​မဲ့​၍​သဲ​ကန္တာ​ရ​နှင့်​တူ​သော ဤ ပြည်​တွင်​သိုး​ကျောင်း​သား​တို့​သိုး​များ​ကို ထိန်း​ကျောင်း​ရာ​စား​ကျက်​များ​ရှိ​လာ​လိမ့် ဦး​မည်။-

ယေ​ရ​မိ 33