ယေ​ရ​မိ 32:4-10 Common Language Bible (BCL)

4. ဇေ​ဒ​ကိ​မင်း​သည်​ဗာ​ဗု​လုန်​ပြည်​သား​တို့ ၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ဗာ​ဗု​လုန်​ဘု​ရင်​၏​လက်​တွင်း​သို့​သက်​ဆင်း ရ​ကာ​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​တွေ့​ဆုံ​ပြော ဆို​ရ​လိမ့်​မည်။-

5. ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​ခြင်း ကို​ခံ​ရ​၍ သူ့​အား​ငါ​မ​စီ​ရင်​မ​ချင်း​ထို​မြို့ တွင်​နေ​ရ​လိမ့်​မည်။ သူ​သည်​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​အား​ပြန်​လှန်​၍​ပင်​တိုက်​ခိုက်​စေ​ကာ မူ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏ ဟု​မိန့်​တော်​မူ​ကြောင်း​အ​ဘယ့်​ကြောင့်​ဟော ပြော​ကြေ​ညာ​ရ​သ​နည်း'' ဟု​ပြစ်​တင် စွပ်​စွဲ​၏။

8. ထို​နောက်​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ပင်​လျှင် ငါ့​ညီ​ဟာ​န​မေ​လ​သည်​ငါ​ရှိ​ရာ​အ​ချုပ် ထောင်​ဝင်း​အ​တွင်း​သို့​လာ​၍``ဗင်္ယာ​မိန်​နယ်​မြေ တွင်း​ရှိ​ဒေ​သ​တွင်​ရှိ​သည့်​အ​ကျွန်ုပ်​၏​လယ် မြေ​ကို​ဝယ်​ယူ​ပါ။ သင်​သည်​အ​ကျွန်ုပ်​နှင့်​အ​နီး ဆုံး​ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် ထို​မြေ​ကို​ဝယ်​ယူ သိမ်း​ပိုက်​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု​ဆို​၏။ ထို​အ​ခါ ငါ​သည်​ဤ​အ​မှု​ကို​ပြု​ရန်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​ထား​တော်​မူ​သည်​ကို​သိ​သ​ဖြင့်၊-

9. ဟာ​န​မေ​လ​ထံ​မှ​လယ်​ကို​ဝယ်​ယူ​ကာ​သူ့ အား​ငွေ​ကို​ချိန်​တွယ်​၍​ပေး​၏။ လယ်​ဖိုး​ငွေ သား​မှာ​တစ်​ဆယ့်​ခု​နစ်​ခု​ဖြစ်​သ​တည်း။-

10. ငါ​သည်​အ​သိ​သက်​သေ​များ​၏​ရှေ့​တွင်​စာ​ချုပ် ကို​လက်​မှတ်​ရေး​ထိုး​ကာ ချိပ်​တံ​ဆိပ်​ခတ်​နှိပ် ပြီး​လျှင်​ငွေ​ကို​ချိန်​ခွင်​ဖြင့်​ချိန်​တွယ်​၍ ပေး​၏။-

ယေ​ရ​မိ 32