ယေ​ရ​မိ 32:30-32 Common Language Bible (BCL)

30. ဣ​သ​ရေ​လ​နှင့်​ယုဒ​ပြည်​သား​တို့​သည်​ရှေး မ​ဆွ​က​ပင်​လျှင်​အ​စ​ပြု​၍ ငါ​မ​နှစ်​သက် သည့်​အ​မှု​များ​ကို​သာ​လျှင်​ပြု​ခဲ့​ကြ​ပေ သည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​မိ​မိ တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ​၏။-

31. ဤ​မြို့​ကို​တည်​ထောင်​သည့်​နေ့​မှ​အ​စ​ပြု​၍ မြို့​သူ​မြို့​သား​တို့​သည် ငါ​၏​အ​မျက်​တော် ကို​ပြင်း​ထန်​စွာ​လှုံ့​ဆော်​ခဲ့​ကြ​၏။-

32. ဣ​သ​ရေ​လ​ပြည်​သား​များ​နှင့်​ယု​ဒ​ပြည် သား​များ၊ သူ​တို့​၏​ဘု​ရင်​များ​နှင့်​မှူး​မတ် များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက် များ၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင် နေ​ထိုင်​ကြ​သူ​တို့​ပြု​ကျင့်​သည့်​မ​ကောင်း​မှု များ​အ​တွက် ငါ​သည်​ဤ​မြို့​ကို​ပျက်​သုဉ်း စေ​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​လေ​ပြီ။-

ယေ​ရ​မိ 32