10. ငါသည်အသိသက်သေများ၏ရှေ့တွင်စာချုပ် ကိုလက်မှတ်ရေးထိုးကာ ချိပ်တံဆိပ်ခတ်နှိပ် ပြီးလျှင်ငွေကိုချိန်ခွင်ဖြင့်ချိန်တွယ်၍ ပေး၏။-
11. ထိုနောက်ငါသည်နှစ်ဦးနှစ်ဝသဘောတူညီ ချက်နှင့်စည်းကမ်းသတ်မှတ်ချက်များပါရှိ သည့် ချိပ်တံဆိပ်နှိပ်ထားသောစာချုပ်တစ် စောင်နှင့်ချိပ်တံဆိပ်ခတ်နှိပ်မထားသည့် စာချုပ်လက်ခံတစ်စောင်ကိုယူ၍၊-
12. မာသေယ၏မြေး၊ နေရိ၏သားဗာရုတ်၏ လက်သို့ပေးအပ်လိုက်လေသည်။ ထိုစာချုပ် များကိုငါသည်သူ့အားယာနမေလ၏ ရှေ့၌လည်းကောင်း၊ အရောင်းအဝယ်ပြုရာ တွင်အသိသက်သေများအဖြစ်လက်မှတ် ရေးထိုးခဲ့သူများ၏ရှေ့၌လည်းကောင်း၊ အချုပ်ထောင်ဝင်းအတွင်းတွင်ထိုင်လျက် နေကြသောဟေဗြဲအမျိုးသား၏ရှေ့၌ လည်းကောင်းပေးအပ်ခြင်းဖြစ်သတည်း။-