5. ရှမာရိတောင်ကုန်းများပေါ်တွင်စပျစ်ဥယျာဉ် များကိုတစ်ဖန်စိုက်ပျိုးလျက် ယင်းသို့စိုက်ပျိုး သူတို့သည်ထိုဥယျာဉ်များမှထွက်သည့်အသီး များကိုစားသုံးရကြလိမ့်မည်။-
6. `လာကြ၊ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားရှိတော်မူရာဇိအုန်တောင်တော်သို့ ငါတို့တက်ကြကုန်အံ့' ဟုဧဖရိမ်တောင် ကုန်းများမှကင်းစောင့်တို့ကြွေးကြော်ကြ မည့်နေ့ရက်ကာလသည် အမှန်ပင်ကျ ရောက်လာလိမ့်မည်'' ဟုမိန့်တော်မူ၏။
7. ထာဝရဘုရားက၊``လူမျိုးတကာတို့တွင်အထွတ်အထိပ် ဖြစ်သည့်ဣသရေလအမျိုးသားတို့အတွက်ဝမ်းမြောက် စွာ ကြွေးကြော်ကြလော့။`ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူပြီ။ဣသရေလအမျိုးမှကြွင်းကျန်သူအပေါင်း တို့အား ကယ်ဆယ်တော်မူပြီ' ဟူသောထောမနာသီချင်းကိုသီဆိုကြလော့။
8. ငါသည်ထိုသူတို့ကိုမြောက်အရပ်မှ ခေါ်ဆောင်ခဲ့မည်။ကမ္ဘာမြေကြီးအစွန်အဖျားများမှစုသိမ်း ခဲ့မည်။သူတို့နှင့်အတူမျက်မမြင်များ၊ခြေမစွမ်း မသန် သူများသည်လည်းကောင်း၊ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊သားဖွားရန်နေ့စေ့လစေ့အမျိုးသမီးများသည်လည်း ကောင်း လိုက်ပါလာကြလိမ့်မည်။သူတို့သည်လူမျိုးကြီးအဖြစ်ဖြင့် ပြန်လာကြလိမ့်မည်။