19. ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ထံတော်မှ ထွက်ခွာခဲ့ကြသော်လည်း၊မကြာမီအခါ၌ပင်အထံတော်သို့ပြန်လာရန် နောင်တရပါ၏။ကိုယ်တော်ရှင်ဆုံးမတော်မူခြင်းကိုနားလည်ပြီး နောက်ကျွန်တော်မျိုးတို့သည်ရင်ကိုထုလျက် ဝမ်းနည်းကြေကွဲလျက်နေကြပါ၏။ကျွန်တော်မျိုးတို့သည်ငယ်စဉ်အခါက အပြစ်ပြုခဲ့ကြသောကြောင့်အရှက်ရ၍အသရေပျက်ရကြပါ၏။'
20. ``အို ဣသရေလ၊သင်သည်ငါ၏အချစ်ဆုံးသား၊ ငါ၏အမြတ်နိုးဆုံးသားဖြစ်၏။ငါသည်သင်၏နာမည်ကိုထုတ်ဖော်၍ပြောဆိုရသည့်အခါတိုင်းသင့်အားလွမ်းဆွတ် သတိရလျက်နေ၏။ငါသည်သင့်အားချစ်ခင်စွဲလန်းသည်ဖြစ်၍ ကရုဏာထားမည်။
21. မှတ်တိုင်များကိုစိုက်ထူ၍လမ်းကိုမှတ်သား ထားလော့။သင်တို့ထွက်ခွာသွားရာလမ်းကိုတစ်ဖန် ပြန်၍ရှာလော့။ဣသရေလပြည်သားတို့ပြန်လာခဲ့ကြလော့။သင်တို့စွန့်ခွာသွားသည့်မြို့များသို့ပြန်လာ ခဲ့ကြလော့။
22. သစ္စာမဲ့သည့်လူတို့၊သင်တို့သည်အဘယ်မျှ ကြာရှည်တုံ့ဆိုင်း၍နေကြမည်နည်း။အမျိုးသမီးသည်အမျိုးသားအားအကာ အကွယ် ပေးနိုင်ခြင်းသည်ဆန်းသစ်သကဲ့သို့၊ငါထာဝရဘုရားသည်ဆန်းသစ်သည့် အမှုကို ဖန်တီးစီရင်တော်မူပြီ'' ဟုမိန့်တော်မူ၏။
23. ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုး ရှင်ထာဝရဘုရားက``ဤလူတို့အားမိမိ တို့ပြည်သို့ငါပြန်လည်ပို့ဆောင်သောအခါ၊`ထာဝရဘုရားသည်မိမိကျိန်းဝပ်တော်မူ သည့် သန့်ရှင်းရာဌာနတော်တည်းဟူသောယေရုရှလင်တောင်တော်ကိုကောင်းချီး ပေးတော်မူပါစေသတည်း' ဟုသူတို့သည်ယုဒပြည်မြို့ရွာများ၌တစ်ဖန် ပြန်လည် မြွက်ဆိုကြလိမ့်မည်။
24. လူတို့သည်ယုဒပြည်မြို့ရွာအပေါင်းတို့ တွင်နေထိုင်ကြလိမ့်မည်။ လယ်ယာလုပ်ကိုင် သူများ၊ သိုးအုပ်များကိုထိန်းကျောင်းသူ များလည်းရှိလိမ့်မည်။-
25. ငါသည်မောပန်းနွမ်းနယ်သူတို့ကိုလန်းဆန်း စေ၍ဆာလောင်မွတ်သိပ်သဖြင့် အားအင်ချိ နဲ့သူတို့ကိုဝပြောစွာကျွေးတော်မူမည်။-
26. သို့ဖြစ်၍လူတို့က`ငါတို့သည်အိပ်ရာဝင်ပြီး နောက်လန်းဆန်းစွာနိုးထ၍လာ၏' ဟုပြော ဆိုကြလိမ့်မည်။
27. ``ဣသရေလပြည်နှင့်ယုဒပြည်ကိုလူများ၊ တိရစ္ဆာန်များနှင့်ငါပြည့်နှက်စေမည့်အချိန် ကာလကျရောက်လာလိမ့်မည်ဖြစ်ကြောင်း ငါ ထာဝရဘုရားမြွက်ဆို၏။-
28. ငါသည်ဂရုပြု၍သူတို့အားနုတ်ပယ်ဖြိုချ၊ မှောက်လှန်ဖျက်ဆီး၊ ပျက်ပြုန်းစေခဲ့သည်နည်း တူတစ်ဖန်ပြန်၍ပြုစုပျိုးထောင်တည်ဆောက် ၍ပေးမည်။-
29. ထိုအချိန်ကာလကျရောက်လာသောအခါ`မိဘတို့သည်စပျစ်ချဉ်သီးကိုစား၍သား သမီးများ သွားကျိန်းလျက်ရှိကြ၏'ဟူသောဆိုရိုးစကားကိုလူတို့ပြောဆိုကြ တော့မည်မဟုတ်။
30. စပျစ်ချဉ်သီးကိုစားသူမှန်သမျှသည် မိမိတို့ ကိုယ်တိုင်သွားကျိန်းရကြလိမ့်မည်။ လူတိုင်းပင် မိမိတို့အပြစ်အတွက်သေရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
31. ထာဝရဘုရားက``ငါသည်ဣသရေလပြည် သားများ၊ ယုဒပြည်သားများနှင့်ပဋိညာဉ် သစ်ဖွဲ့မည့်အချိန်ကာလကျရောက်လာလိမ့် မည်။-
32. ထိုပဋိညာဉ်သည်သူတို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာစဉ်အခါ က သူတို့နှင့်ငါဖွဲ့ခဲ့သည့်ပဋိညာဉ်နှင့်တူ လိမ့်မည်မဟုတ်။ ငါသည်သူတို့၏ခင်ပွန်း သဖွယ်ဖြစ်သော်လည်း သူတို့သည်မိမိတို့ နှင့်ငါပြုခဲ့သည့်ပဋိညာဉ်ကိုမစောင့်ထိန်း ခဲ့ကြ။-
33. သူတို့နှင့်ငါပြုမည့်ပဋိညာဉ်သစ်ကားဤ သို့တည်း။ ငါသည်မိမိ၏တရားတော်ကိုသူ တို့၏စိတ်အတွင်းသို့သွတ်သွင်းပေးမည်။ သူ တို့၏နှလုံးသားပေါ်တွင်ရေးမှတ်၍ထား မည်။ ငါသည်သူတို့၏ဘုရားဖြစ်လျက်သူ တို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။-