ယေ​ရ​မိ 31:10-18 Common Language Bible (BCL)

10. ``အို လူ​မျိုး​တ​ကာ​တို့၊ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ သည်​ကို​နား​ထောင်​၍ငါ​၏​ဗျာ​ဒိတ်​တော်​တို့​ကို​ရပ်​ဝေး​ဒေ​သ များ​သို့ ကြွေး​ကြော်​ကြ​လော့။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကွဲ​လွင့်​စေ​သူ ငါ​သည်​သူ​တို့​ကို​စု​သိမ်း​မည်။သိုး​ထိန်း​သည်​မိ​မိ​၏​သိုး​စု​ကို​စောင့်​ထိန်း သ​ကဲ့​သို့ သူ​တို့​ကို​ငါ​စောင့်​ထိန်း​မည်။

11. ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​လေ​ပြီ။သူ​တို့​အား​တန်​ခိုး​ကြီး​သည့်​လူ​မျိုး​လက်​မှ ရွေး​နုတ်​ကယ်​တင်​ခဲ့​လေ​ပြီ။

12. သူ​တို့​သည်​လာ​၍​ဇိ​အုန်​တောင်​ပေါ်​တွင် ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ငါ​ချ​ပေး​သည့်​ကျေး​ဇူး​များ​ဖြစ်​သောဂျုံ၊စပါး၊စ​ပျစ်​ရည်၊ဆီ၊သိုး​ငယ်​များ​နှင့်​ကျွဲ​နွား များ​ဖြင့်၊ ရွှင်​လန်း​ဝမ်း​မြောက်​လျက်​နေ​ကြ​လိမ့်​မည်။သူ​တို့​သည်​ရေ​ကို​ကောင်း​စွာ​ရ​ရှိ​သည့် ဥ​ယျာဉ်​ကဲ့​သို့​ဖြစ်​၍နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ပူ​ဆွေး ကြ​ရ​လိမ့်​မည်​မ​ဟုတ်။

13. ထို​အ​ခါ​သ​မီး​က​ညာ​တို့​သည်​ပျော်​ရွှင်​ဝမ်း မြောက်​စွာ က​ခုန်​ကြ​လိမ့်​မည်။လူ​အို​လူ​ပျို​များ​သည်​လည်း​အား​ရ ရွှင်​မြူး​ကြ​လိမ့်​မည်။ငါ​သည်​သူ​တို့​အား​နှစ်​သိမ့်​စေ​၍​သူ​တို့​ငို ကြွေး​ခြင်း​ကို ပျော်​ရွှင်​ခြင်း​အ​ဖြစ်​သို့​လည်း​ကောင်း၊သူ​တို့​၏​ဝမ်း​နည်း​ခြင်း​ကိုနှစ်​သိမ့်​ခြင်း​နှင့်​ဝမ်း​မြောက်​ခြင်း​အ​ဖြစ်​သို့​လည်း ကောင်း ပြောင်း​လဲ​စေ​မည်။

14. ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​ဆူ​ဖြိုး​သော အ​စာ​အာ​ဟာ​ရ​ကို​ဝ​စွာ​ကြွေး​၍ငါ့​လူ​မျိုး​တော်​၏​ချို့​တဲ့​မှု​ရှိ​သ​မျှ​ကို ဖြည့်​တင်း​ပေး​မည်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

15. ထာ​ဝ​ရ​ဘု​ရား​က၊``ရာ​မ​အ​ရပ်​၌​အ​သံ​တစ်​ခု​ကို​ကြား​ရ​၏။ထို​အ​သံ​သည်​ဝမ်း​နည်း​ပက်​လက် ငို​ကြွေး​သည့်​အ​သံ​ဖြစ်​၏။ရာ​ခေ​လ​သည်​မိ​မိ​၏​သား​သ​မီး​များ​အ​တွက် ငို​ကြွေး​လျက်​နေ​လေ​သည်။သူ​တို့​အား​လုံး​ပင်​မ​ရှိ​တော့​ပြီ​ဖြစ်​၍ သူ​သည်​နှစ်​သိမ့်​မှု​ကို​မ​ခံ​လို'' ဟု​မိန့်​ဆို​၏။

16. ``သင်​သည်​ငို​ကြွေး​မှု​ကို​ရပ်​စဲ​၍ မိ​မိ​မျက်​ရည်​များ​ကို​သုတ်​လော့။သား​သ​မီး​များ​အ​တွက်​သင်​ပြု​ခဲ့​သည့်​အ​မှု အ​ပေါင်း​သည်​အ​ချည်း​နှီး​ဖြစ်​ရ​လိမ့်​မည် မ​ဟုတ်။ထို​သူ​တို့​သည်​ရန်​သူ့​ပြည်​မှ​ပြန်​လာ​ကြ​လိမ့် မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို​၏။

17. အ​နာ​ဂတ်​ကာ​လ​အ​တွက်​သင့်​မှာ​မျှော်​လင့် စ​ရာ​ရှိ​၏။သင်​၏​သား​သ​မီး​များ​သည်​အိမ်​သို့​ပြန်​လာ ကြ​လိမ့်​မည်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။

18. ``ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ဝမ်း​နည်း​ကြေ ကွဲ​လျက် လျှောက်​ထား​သည်​ကို​ငါ​ကြား​၏။`အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​တို့​သည် ရိုင်း​သော​နွား​သူ​ငယ်​နှင့်​တူ​ပါ​၏။သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး တို့​အားစ​ကား​တော်​ကို​နား​ထောင်​ရန်​သွန်​သင်​တော်​မူ ပါ​၏။ကျွန်​တော်​မျိုး​တို့​အား​ပြန်​လည်​ပို့​ဆောင်​တော်​မူ​ပါ။အ​ထံ​တော်​သို့​ကျွန်​တော်​မျိုး​တို့​ပြန်​လာ​ရန် အ​သင့်​ရှိ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။

ယေ​ရ​မိ 31