10. ``အို လူမျိုးတကာတို့၊ငါထာဝရဘုရား မိန့်တော်မူ သည်ကိုနားထောင်၍ငါ၏ဗျာဒိတ်တော်တို့ကိုရပ်ဝေးဒေသ များသို့ ကြွေးကြော်ကြလော့။ဣသရေလအမျိုးသားတို့အားကွဲလွင့်စေသူ ငါသည်သူတို့ကိုစုသိမ်းမည်။သိုးထိန်းသည်မိမိ၏သိုးစုကိုစောင့်ထိန်း သကဲ့သို့ သူတို့ကိုငါစောင့်ထိန်းမည်။
11. ငါသည်ဣသရေလအမျိုးသားတို့အား ကျွန်ဘဝမှ လွတ်မြောက်စေလေပြီ။သူတို့အားတန်ခိုးကြီးသည့်လူမျိုးလက်မှ ရွေးနုတ်ကယ်တင်ခဲ့လေပြီ။
12. သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ငါချပေးသည့်ကျေးဇူးများဖြစ်သောဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။
13. ထိုအခါသမီးကညာတို့သည်ပျော်ရွှင်ဝမ်း မြောက်စွာ ကခုန်ကြလိမ့်မည်။လူအိုလူပျိုများသည်လည်းအားရ ရွှင်မြူးကြလိမ့်မည်။ငါသည်သူတို့အားနှစ်သိမ့်စေ၍သူတို့ငို ကြွေးခြင်းကို ပျော်ရွှင်ခြင်းအဖြစ်သို့လည်းကောင်း၊သူတို့၏ဝမ်းနည်းခြင်းကိုနှစ်သိမ့်ခြင်းနှင့်ဝမ်းမြောက်ခြင်းအဖြစ်သို့လည်း ကောင်း ပြောင်းလဲစေမည်။
14. ငါသည်ယဇ်ပုရောဟိတ်တို့အားဆူဖြိုးသော အစာအာဟာရကိုဝစွာကြွေး၍ငါ့လူမျိုးတော်၏ချို့တဲ့မှုရှိသမျှကို ဖြည့်တင်းပေးမည်။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
15. ထာဝရဘုရားက၊``ရာမအရပ်၌အသံတစ်ခုကိုကြားရ၏။ထိုအသံသည်ဝမ်းနည်းပက်လက် ငိုကြွေးသည့်အသံဖြစ်၏။ရာခေလသည်မိမိ၏သားသမီးများအတွက် ငိုကြွေးလျက်နေလေသည်။သူတို့အားလုံးပင်မရှိတော့ပြီဖြစ်၍ သူသည်နှစ်သိမ့်မှုကိုမခံလို'' ဟုမိန့်ဆို၏။
16. ``သင်သည်ငိုကြွေးမှုကိုရပ်စဲ၍ မိမိမျက်ရည်များကိုသုတ်လော့။သားသမီးများအတွက်သင်ပြုခဲ့သည့်အမှု အပေါင်းသည်အချည်းနှီးဖြစ်ရလိမ့်မည် မဟုတ်။ထိုသူတို့သည်ရန်သူ့ပြည်မှပြန်လာကြလိမ့် မည်'' ဟု ထာဝရဘုရားမိန့်ဆို၏။