ယေ​ရ​မိ 31:1-12 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ​အ​နွယ် ဝင်​အ​ပေါင်း​၏​ဘု​ရား​ဖြစ်​လျက်​သူ​တို့​သည် လည်း ငါ​၏​လူ​မျိုး​တော်​ဖြစ်​လာ​ကြ​မည့်​နေ့ ရက်​ကာ​လ​သည်​ကျ​ရောက်​လာ​လိမ့်​မည်။-

2. ငါ​သည်​တော​ကန္တာ​ရ​၌​အ​သက်​ဘေး​မှ​လွတ် မြောက်​လာ​ကြ​သူ​တို့​အား က​ရု​ဏာ​ပြ​ခဲ့​၏။ ဣသ​ရေ​လ​ပြည်​သား​တို့​သည်​နား​နေ​ခွင့်​ကို တောင့်​တ​ကြ​သော​အ​ခါ၊-

3. ငါ​သည်​သူ​တို့​ထံ​သို့​ရပ်​ဝေး​မှ​ကြွ​ရောက် လာ​ခဲ့​ပေ​သည်။ အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ငါ​သည်​သင်​တို့​ကို​ထာ​ဝ​စဉ်​ချစ်​တော်​မူ သည်​ဖြစ်​၍ မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် ကို​ဆက်​လက်​၍​ပြ​ခဲ့​၏။-

4. သင်​တို့​အား​တစ်​ဖန်​ငါ​ပြန်​လည်​ထူ​ထောင်​ပေး မည်။ သင်​တို့​သည်​ပတ်​သာ​များ​ကို​တစ်​ဖန်​တီး မှုတ်​၍ ပျော်​ရွှင်​စွာ​က​ခုန်​ရ​ကြ​လိမ့်​မည်။-

5. ရှ​မာ​ရိ​တောင်​ကုန်း​များ​ပေါ်​တွင်​စပျစ်​ဥ​ယျာဉ် များ​ကို​တစ်​ဖန်​စိုက်​ပျိုး​လျက် ယင်း​သို့​စိုက်​ပျိုး သူ​တို့​သည်​ထို​ဥ​ယျာဉ်​များ​မှ​ထွက်​သည့်​အ​သီး များ​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။-

6. `လာ​ကြ၊ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှိ​တော်​မူ​ရာ​ဇိ​အုန်​တောင်​တော်​သို့ ငါ​တို့​တက်​ကြ​ကုန်​အံ့' ဟု​ဧ​ဖ​ရိမ်​တောင် ကုန်း​များ​မှ​ကင်း​စောင့်​တို့​ကြွေး​ကြော်​ကြ မည့်​နေ့​ရက်​ကာ​လ​သည် အ​မှန်​ပင်​ကျ ရောက်​လာ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

7. ထာ​ဝ​ရ​ဘု​ရား​က၊``လူ​မျိုး​တ​ကာ​တို့​တွင်​အ​ထွတ်​အ​ထိပ် ဖြစ်​သည့်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝမ်း​မြောက် စွာ ကြွေး​ကြော်​ကြ​လော့။`ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကယ်​တင်​တော်​မူ​ပြီ။ဣ​သ​ရေ​လ​အ​မျိုး​မှ​ကြွင်း​ကျန်​သူ​အ​ပေါင်း တို့​အား ကယ်​ဆယ်​တော်​မူ​ပြီ' ဟူ​သောထော​မ​နာ​သီ​ချင်း​ကို​သီ​ဆို​ကြ​လော့။

8. ငါ​သည်​ထို​သူ​တို့​ကို​မြောက်​အ​ရပ်​မှ ခေါ်​ဆောင်​ခဲ့​မည်။ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​များ​မှ​စု​သိမ်း ခဲ့​မည်။သူ​တို့​နှင့်​အ​တူ​မျက်​မ​မြင်​များ၊ခြေ​မ​စွမ်း မ​သန် သူ​များ​သည်​လည်း​ကောင်း၊ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ၊သား​ဖွား​ရန်နေ့​စေ့​လ​စေ့​အ​မျိုး​သ​မီး​များ​သည်​လည်း ကောင်း လိုက်​ပါ​လာ​ကြ​လိမ့်​မည်။သူ​တို့​သည်​လူ​မျိုး​ကြီး​အ​ဖြစ်​ဖြင့် ပြန်​လာ​ကြ​လိမ့်​မည်။

9. သူ​တို့​အား​ငါ​ပြန်​လည်​ခေါ်​ဆောင်​လာ​စဉ်ငါ​၏​လူ​မျိုး​တော်​သည်​ငို​ကြွေး​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​ပြန်​လာ​ကြ​လိမ့်​မည်။ငါ​သည်​သူ​တို့​အား​စမ်း​ရေ​ရှိ​ရာ​အ​ရပ်​များ သို့​လည်း​ကောင်း၊သူ​တို့​ခြေ​ချော်​၍​မ​လဲ​စေ​ရန်လမ်း​ကောင်း​များ​ဖြင့်​လည်း​ကောင်း​ခေါ်​ဆောင်​မည်။ငါ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​၏​အ​ဘ​သ​ဖွယ် ဖြစ်​၍ ဧ​ဖ​ရိမ်​အ​နွယ်​သည်​ငါ​၏​သား​ဦး​ဖြစ်​၏။''

10. ``အို လူ​မျိုး​တ​ကာ​တို့၊ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ သည်​ကို​နား​ထောင်​၍ငါ​၏​ဗျာ​ဒိတ်​တော်​တို့​ကို​ရပ်​ဝေး​ဒေ​သ များ​သို့ ကြွေး​ကြော်​ကြ​လော့။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကွဲ​လွင့်​စေ​သူ ငါ​သည်​သူ​တို့​ကို​စု​သိမ်း​မည်။သိုး​ထိန်း​သည်​မိ​မိ​၏​သိုး​စု​ကို​စောင့်​ထိန်း သ​ကဲ့​သို့ သူ​တို့​ကို​ငါ​စောင့်​ထိန်း​မည်။

11. ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​လေ​ပြီ။သူ​တို့​အား​တန်​ခိုး​ကြီး​သည့်​လူ​မျိုး​လက်​မှ ရွေး​နုတ်​ကယ်​တင်​ခဲ့​လေ​ပြီ။

12. သူ​တို့​သည်​လာ​၍​ဇိ​အုန်​တောင်​ပေါ်​တွင် ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ငါ​ချ​ပေး​သည့်​ကျေး​ဇူး​များ​ဖြစ်​သောဂျုံ၊စပါး၊စ​ပျစ်​ရည်၊ဆီ၊သိုး​ငယ်​များ​နှင့်​ကျွဲ​နွား များ​ဖြင့်၊ ရွှင်​လန်း​ဝမ်း​မြောက်​လျက်​နေ​ကြ​လိမ့်​မည်။သူ​တို့​သည်​ရေ​ကို​ကောင်း​စွာ​ရ​ရှိ​သည့် ဥ​ယျာဉ်​ကဲ့​သို့​ဖြစ်​၍နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ပူ​ဆွေး ကြ​ရ​လိမ့်​မည်​မ​ဟုတ်။

ယေ​ရ​မိ 31