21-22. သူတို့ကိုအုပ်စိုးမည့်သူသည်သူတို့လူမျိုးမှ ပေါ်ထွန်းရလိမ့်မည်။သူတို့၏မင်းသည်သူတို့အမျိုးသားများ အထဲမှပေါ်ထွန်းရလိမ့်မည်။ငါဖိတ်ခေါ်သောအခါထိုသူသည်ငါ့ထံသို့ ချဉ်းကပ်လိမ့်မည်။ငါမဖိတ်မခေါ်ဘဲအဘယ်သူသည်ငါ့ထံသို့ ချဉ်းကပ်ဝံ့သနည်း။သူတို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
23-24. ကိုယ်တော်၏အမျက်တော်သည်သူယုတ်မာ တို့၏ဦးခေါင်းထက်တွင် တိုက်ခတ်သည့်လေ ပြင်းမုန်တိုင်းနှင့်တူ၏။ ထိုအမျက်တော်သည် ကိုယ်တော်ကြံစည်တော်မူသမျှသောအမှု များမပြီးမချင်းပြေငြိမ်းလိမ့်မည်မဟုတ်။ ဤအချက်ကိုကိုယ်တော်၏လူမျိုးတော်သည် နောင်လာလတ္တံ့သောနေ့ရက်များ၌သိရှိ နားလည်လာကြလိမ့်မည်။