10. ``ငါ၏ကျွန်ယာကုပ်၊မကြောက်ကြနှင့်။ဣသရေလပြည်သားတို့ထိတ်လန့်တုန်လှုပ်မှု မဖြစ်ကြနှင့်။သုံ့ပန်းများအဖြစ်နှင့်သင်တို့နေရကြသော ပြည်၊ထိုဝေးလံသောပြည်မှသင်တို့အား ငါကယ်ဆယ်မည်။သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။သင်တို့သည်ဘေးမဲ့လုံခြုံမှုကိုရရှိကြ လိမ့်မည်။အဘယ်သူမျှသူတို့အားချောက်လှန့် ရလိမ့်မည်မဟုတ်။ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
11. ငါသည်ကယ်တင်ရန်သင်တို့ထံလာမည်။သင်တို့အားငါကွဲလွင့်စေခဲ့ရာနိုင်ငံ တကာတို့အား ဖျက်ဆီးမည်။သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည်မဟုတ်။ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်းအပြစ်ဒဏ်ခတ်သောအခါ၌မူကား တရားသဖြင့်ပြုမည်။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
12. ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား``သင်တို့၏အနာများသည်ကျက်နိုင် တော့မည်မဟုတ်။သင်တို့၏ဝေဒနာများသည်ကုသ၍ မပျောက်နိုင်တော့ပေ။
13. သင်တို့အားကာကွယ်စောင့်ရှောက်မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။သင်တို့အနာများအတွက်လည်းဆေး တစ်စုံတစ်ရာမျှမရှိသဖြင့်သင်တို့သည်မိမိတို့အနာရောဂါပျောက် ကင်းမှုအတွက် မျှော်လင့်ရာမဲ့ချေပြီ။