7. ဤသို့ပြုပြီးနောက်သူသည်ငါ့ထံသို့ပြန် လာလိမ့်မည်ဟုငါထင်မှတ်ခဲ့၏။ သို့ရာတွင် သူသည်ပြန်၍မလာ၊ ယင်းသို့မလာကြောင်း ကိုသူ၏ညီမ၊ သစ္စာဖောက်ယုဒမြင်လေ၏။-
8. ဣသရေလသည်ငါကိုစွန့်ခွာ၍ပြည့်တန်ဆာ လုပ်လျက်နေသဖြင့် သူ့အားငါကွာရှင်းနှင် ထုတ်လိုက်လေသည်။ သို့ရာတွင်ဣသရေလ ၏ညီမသစ္စာဖောက်ယုဒသည်မကြောက်ရွံ့ ဘဲ မိမိကိုယ်တိုင်ပင်ပြည့်တန်ဆာလုပ်ကာ၊-
9. ဣသရေလ၏အကျင့်ပျက်မှုသည် မိမိနှင့် မဆိုင်သကဲ့သို့တိုင်းပြည်ကိုညစ်ညမ်းစေ လေသည်။ သူသည်ကျောက်တုံးများ၊ သစ်ပင် များကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်မှား ယွင်းလေ၏။-
10. ဤသို့သောအမှုတို့ကိုပြုပြီးနောက် ဣသ ရေလ၏ညီမသစ္စာဖောက်ယုဒသည်ငါ့ထံ သို့ပြန်၍လာ၏။ စိတ်လုံးဝပါ၍မဟုတ်။ ဟန်ဆောင်၍သာလျှင်လာခြင်းဖြစ်၏။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း'' ဟုမိန့်တော်မူ၏။
11. ထိုနောက်ထာဝရဘုရားကငါ့အား``ဣသ ရေလသည်ငါ့ထံမှမျက်နှာလွှဲ၍သွား သော်လည်း သစ္စာဖောက်ယုဒလောက်မဆိုး'' ဟု မိန့်ကြားတော်မူ၏။-
12. ကိုယ်တော်သည်ငါ့ကိုမြောက်ပိုင်းနိုင်ငံသို့စေ လွှတ်၍ထာဝရဘုရားက ``သစ္စာဖောက်ဣသ ရေလ၊ ငါ့ထံသို့ပြန်လာလော့။ ငါသည်ကရု ဏာထားတော်မူသည်ဖြစ်၍သင့်အားအမျက် ထွက်လိမ့်မည်မဟုတ်။ ငါသည်အစဉ်အမြဲ အမျက်ထွက်လျက်နေလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏။-