1. ထာဝရဘုရားက``အကယ်၍တစ်စုံတစ် ယောက်သည် မိမိ၏ဇနီးကိုကွာရှင်းလိုက် သောအခါ ထိုအမျိုးသမီးသည်သူ၏ထံ မှထွက်ခွာ၍အခြားအမျိုးသားတစ်ဦး နှင့်အိမ်ထောင်ပြု၏။ ထိုအခါပထမခင်ပွန်း သည်မိမိ၏ဇနီးဟောင်းကိုတစ်ဖန်ပြန်၍ မသိမ်းမယူအပ်။ ပြန်၍သိမ်းယူခဲ့သော်ထို တိုင်းပြည်သည်လုံးဝညစ်ညမ်း၍သွားပေ မည်။ သို့ရာတွင်အချင်းဣသရေလ၊ သင်သည် ချစ်သူအမြောက်အမြားထားပြီးမှ ယခု ငါ့ထံသို့ပြန်၍လာလိုသည်တကား။-
2. တောင်ထိပ်တို့ကိုမျှော်၍ကြည့်ကြလော့။ ပြည့် တန်ဆာကဲ့သို့ သင်မပြုမကျင့်ဘဲနေခဲ့သည့် အရပ်တစ်စုံတစ်ခုရှိသလော။ အာရပ်အမျိုး သားသည်တောကန္တာရတွင်လုယက်တိုက်ခိုက် ရန်စောင့်မျှော်နေသကဲ့သို့၊ သင်သည်လမ်းနံ ဘေးတို့တွင်ချစ်သူများကိုစောင့်မျှော်နေခဲ့ ၏။ သင်သည်မိမိတို့၏ဆိုးညစ်မှုနှင့်ပြည့် တန်ဆာအလုပ်ဖြင့်ဤပြည်ကိုညစ်ညမ်း စေလေပြီ။-
3. ဤအကြောင်းကြောင့်ငါသည်မိုးဦးကိုခေါင် စေ၍ မိုးနှောင်းကိုလည်းမရွာဘဲနေစေခြင်း ဖြစ်၏။ သင်သည်ပြည့်တန်ဆာအသွင်ကိုဆောင် လျက်ရှိ၏။ သင်၌အရှက်အကြောက်မရှိ တော့ပေ။
4. ``ယခုသင်ကငါ့အား`ကိုယ်တော်ရှင်သည် ကျွန် တော်မျိုး၏အဖဖြစ်တော်မူပါ၏။ ကလေး ဘဝမှစ၍ပင်ကျွန်တော်မျိုးတို့အားချစ် တော်မူခဲ့ပါ၏။-
5. ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက် ထွက်၍နေတော်မူမည်မဟုတ်ပါ။ ကျွန်တော် မျိုးအားထာဝစဉ်အမျက်တော်ရှ၍နေ တော်မူမည်မဟုတ်ပါဟုဆို၏။ အို ဣသ ရေလ၊ သင်သည်ဤသို့ပြောဆိုပြီးနောက် မိမိပြုနိုင်သမျှမကောင်းမှုတို့ကိုပြု၏'' ဟုမိန့်တော်မူ၏။
6. ယောရှိမင်းလက်ထက်၌ ထာဝရဘုရားက ငါ့ကို``ထိုသစ္စာမဲ့သည့်အမျိုးသမီးဣသ ရေလသည် ငါ့အားမည်သို့စွန့်ပစ်၍သွား သည်ကိုသင်မြင်ပြီလော။ သူသည်တောင်မြင့် မှန်သမျှအပေါ်တွင်လည်းကောင်း၊ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင်လည်း ကောင်း ပြည့်တန်ဆာအလုပ်ကိုလုပ်၏။-
7. ဤသို့ပြုပြီးနောက်သူသည်ငါ့ထံသို့ပြန် လာလိမ့်မည်ဟုငါထင်မှတ်ခဲ့၏။ သို့ရာတွင် သူသည်ပြန်၍မလာ၊ ယင်းသို့မလာကြောင်း ကိုသူ၏ညီမ၊ သစ္စာဖောက်ယုဒမြင်လေ၏။-
8. ဣသရေလသည်ငါကိုစွန့်ခွာ၍ပြည့်တန်ဆာ လုပ်လျက်နေသဖြင့် သူ့အားငါကွာရှင်းနှင် ထုတ်လိုက်လေသည်။ သို့ရာတွင်ဣသရေလ ၏ညီမသစ္စာဖောက်ယုဒသည်မကြောက်ရွံ့ ဘဲ မိမိကိုယ်တိုင်ပင်ပြည့်တန်ဆာလုပ်ကာ၊-
9. ဣသရေလ၏အကျင့်ပျက်မှုသည် မိမိနှင့် မဆိုင်သကဲ့သို့တိုင်းပြည်ကိုညစ်ညမ်းစေ လေသည်။ သူသည်ကျောက်တုံးများ၊ သစ်ပင် များကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်မှား ယွင်းလေ၏။-