ထိုသူတို့၏ကံကြမ္မာသည်ဤနည်းအတိုင်း ပင်ဖြစ်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိုက်မဲစွာပြုကျင့်ကြသောကြောင့် ဖြစ်၏။ သူတို့သည်သူတစ်ပါး၏သားမယား ကိုပြစ်မှားကြလျက် ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လိမ်လည်ဟောပြောကြ၏။ ဤအပြုအမူကားထာဝရဘုရား၏ အလိုတော်နှင့်မကိုက်ညီ။ ကိုယ်တော်သည် သူတို့ပြုသည့်အမှုကိုသိတော်မူသည်ဖြစ်၍ ဒိဌသက်သေဖြစ်တော်မူ၏။ ဤကားထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟူ၍ ပါရှိလေသည်။