19. သူတို့သည်ငါ၏အစေခံပရောဖက်များ အားဖြင့် အဖန်ဖန်အထပ်ထပ်ငါပေးပို့ခဲ့ သည့်ဗျာဒိတ်တော်ကိုမလိုက်နာခဲ့ကြ။ သို့ ဖြစ်၍ဤသို့အမှုရောက်ရကြပေလိမ့်မည်။ သူတို့သည်ထိုဗျာဒိတ်တော်ကိုနားထောင် ရန်ငြင်းဆန်ခဲ့ကြ၏။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။-
20. ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ငါပြည် နှင်ဒဏ်ပေးလိုက်သည့်လူအပေါင်းတို့၊ သင် တို့သည်ငါထာဝရဘုရားမိန့်တော်မူသည့် စကားကိုနားထောင်ကြလော့' ဟူ၍မိန့်တော် မူ၏။
21. ``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် သင်တို့ အားကိုယ်တော်၏နာမတော်ကိုအမှီပြု၍ လိမ်လည်ဟောပြောနေသူ ကောလာယ၏သား အာဟပ်နှင့် မာသေယ၏သားဇေဒကိတို့ကို ရည်မှတ်၍ဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော် ကမိမိသည်ထိုသူတို့အားဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ၏လက်သို့ပေးအပ်မည်ဖြစ် ၍ ထိုဘုရင်သည်လည်းသူတို့အားသင်တို့ ၏မျက်မှောက်၌ပင်ကွပ်မျက်လိမ့်မည်ဟု မိန့်တော်မူလေပြီ။-