16. ဒါဝိဒ်၏ရာဇပလ္လင်တွင်ထိုင်သည့်ဘုရင်အား လည်းကောင်း၊ သင်တို့နှင့်အတူသုံ့ပန်းများ အဖြစ်အဖမ်းမခံခဲ့ရသောသင်တို့၏ ဆွေမျိုးညာတိများဖြစ်သူ ဤမြို့မှမြို့သူ မြို့သားတို့အားလည်းကောင်းရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်ကြလော့။-
17. အနန္တတန်ခိုးရှင်ထာဝရဘုရားက`ငါသည် သူတို့အပေါ်သို့စစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးတို့ကိုသက် ရောက်စေမည်။ သူတို့အားစား၍မဖြစ်အောင် ပုပ်သည့်သင်္ဘောသဖန်းသီးများကဲ့သို့ဖြစ် စေမည်။-
18. ငါသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကိုသက်ရောက်စေ မည်။ သူတို့အားနှိပ်စက်မည်။ ထို့ကြောင့်လူမျိုး တကာတို့သည်သူတို့ကိုမြင်၍ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။ သူတို့အားငါပျံ့လွင့် စေသည့်အရပ်မှန်သမျှ၌ သူတို့သည်ထိုသူ တို့တွေ့ကြုံရသည့်ဘေးဒုက္ခကိုမြင်၍လန့် ဖျပ်တုန်လှုပ်၍သွားကြလိမ့်မည်။ သူတို့ကို လည်းပြက်ရယ်ပြုလျက် သူတို့အမည်နာမ ကိုကျိန်ဆဲရာတွင်အသုံးပြုကြလိမ့်မည်။-