ယေ​ရ​မိ 29:1-6 Common Language Bible (BCL)

1. ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​သုံ့​ပန်း​များ​အ​ဖြစ် ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​သည့်​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​သို့ စာ​တစ်​စောင်​ပေး​ပို့​လိုက်​၏။-

2. ငါ​သည်​ယေ​ခေါ​နိ​မင်း၊ ထို​မင်း​၏​မယ်​တော်၊ နန်း​တွင်း​အ​ရာ​ရှိ​များ၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု ရှ​လင်​မြို့​မှ​ခေါင်း​ဆောင်​များ၊ အ​တတ်​ပ​ညာ သည်​များ​နှင့်​လုပ်​ရည်​ကိုင်​ရည်​ရှိ​သူ​အ​လုပ် သ​မား​များ​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သည့် နောက် ထို​စာ​ကို​ရေး​သား​လေ​သည်။-

3. ငါ​သည်​စာ​ကို​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​က နေ​ဗု​ခဒ်​နေ​ဇာ​ထံ​စေ​လွှတ်​သော ရှာ​ဖန်​၏​သား ဧ​လာ​သာ​နှင့်​ဟိ​လ​ခိ​၏​သား​ဂေ​မ​ရိ​တို့ အား​ဖြင့်​ပေး​ပို့​လိုက်​၏။ စာ​တွင်၊

4. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ယေရု ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့​မိ​မိ​ပြည်​နှင် ဒဏ်​ပေး​လိုက်​သည့်​လူ​အ​ပေါင်း​တို့​အား၊-

5. `သင်​တို့​အိမ်​ရာ​ဆောက်​လုပ်​၍​အ​တည်​တ​ကျ နေ​ထိုင်​ကြ​လော့။ ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​၍ ရ​ရှိ​သည့်​အ​သီး​အ​နှံ​များ​ကို​စား​ကြ​လော့။-

6. အိမ်​ထောင်​သား​မွေး​မှု​တို့​ကို​ပြု​စေ​ကြ​လော့။ သင်​တို့​၏​သား​သ​မီး​တို့​အား​သား​သ​မီး​မွေး ဖွား​စေ​ရန်​အိမ်​ထောင်​ပြု​စေ​ကြ​လော့။ သင်​တို့ တွင်​လူ​ဦး​ရေ​တိုး​ပွား​စေ​ရ​မည်။ မ​ဆုတ်​ယုတ် စေ​ရ။-

24-25. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နေ​ဟေ​လံ ရွာ​သား​ရှေ​မာ​ယ​အား​ပြော​ကြား​ရန်​ငါ့​အား စေ​ခိုင်း​တော်​မူ​၏။ သူ​သည်​မိ​မိ​ကိုယ်​တိုင်​လက် မှတ်​ရေး​ထိုး​၍ ယေရု​ရှ​လင်​မြို့​သား​အ​ပေါင်း တို့​ထံ​သို့​စာ​ရေး​သား​ပေး​ပို့​ခဲ့​၏။ ယဇ်​ပု​ရော ဟိတ်​မာ​သေ​ယ​၏​သား​ဇေ​ဖ​နိ​နှင့်​အ​ခြား ယဇ်​ပု​ရော​ဟိတ်​များ​ထံ​သို့ ရှေ​မာ​ယ​ရေး သော​စာ​တွင်၊-

30-32. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ရှေ​မာ​ယ​နှင့်​သူ​၏​သား​မြေး တို့​ကို​အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ့​ကို​ငါ​မ​စေ လွှတ်​ခဲ့​သော်​လည်း​သူ​သည်​ပ​ရော​ဖက်​တစ် ပါး​ဖြစ်​လေ​ဟန်​ဖြင့်​ဟော​ပြော​ကာ သင်​တို့ အား​မု​သား​စ​ကား​ကို​ယုံ​ကြည်​စေ​သည် ဖြစ်​၍ သူ​နှင့်​သူ​၏​သား​မြေး​တစ်​စုံ​တစ်​ယောက် မျှ​မ​ကျန်​ငါ​ဒဏ်​ခတ်​လိမ့်​မည်။ သူ​သည်​ငါ​၏ လူ​မျိုး​တော်​အား​ငါ့​ကို​ပုန်​ကန်​ရန်​လှုံ့​ဆော် ပြော​ဆို​၏။ ထို့​ကြောင့်​သူ​သည်​ထို​သူ​တို့​အား ငါ​ချ​ပေး​မည့်​ကောင်း​ကျိုး​ချမ်း​သာ​ကို​တွေ့ မြင်​ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု ရှေ​မာ​ယ​နှင့်​ပတ်​သက်​၍​မိန့်​မြွက်​တော်​မူ သော​စ​ကား​ကို ဗာ​ဗု​လုန်​မြို့​ရှိ​သုံ့​ပန်း အ​ပေါင်း​တို့​အား​အ​ကြောင်း​ကြား​ရန် ငါ့​အား​မိန့်​မှာ​တော်​မူ​၏။

ယေ​ရ​မိ 29