1. ငါသည်ယေရုရှလင်မြို့မှသုံ့ပန်းများအဖြစ် ဗာဗုလုန်မြို့သို့နေဗုခဒ်နေဇာဖမ်းဆီးခေါ် ဆောင်သွားသည့်ခေါင်းဆောင်များ၊ ယဇ်ပုရော ဟိတ်များနှင့်ပြည်သူအပေါင်းတို့ထံသို့ စာတစ်စောင်ပေးပို့လိုက်၏။-
2. ငါသည်ယေခေါနိမင်း၊ ထိုမင်း၏မယ်တော်၊ နန်းတွင်းအရာရှိများ၊ ယုဒပြည်နှင့်ယေရု ရှလင်မြို့မှခေါင်းဆောင်များ၊ အတတ်ပညာ သည်များနှင့်လုပ်ရည်ကိုင်ရည်ရှိသူအလုပ် သမားများသိမ်းသွားခြင်းကိုခံရသည့် နောက် ထိုစာကိုရေးသားလေသည်။-
3. ငါသည်စာကိုယုဒဘုရင်ဇေဒကိက နေဗုခဒ်နေဇာထံစေလွှတ်သော ရှာဖန်၏သား ဧလာသာနှင့်ဟိလခိ၏သားဂေမရိတို့ အားဖြင့်ပေးပို့လိုက်၏။ စာတွင်၊
4. ``ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယေရု ရှလင်မြို့မှ ဗာဗုလုန်မြို့သို့မိမိပြည်နှင် ဒဏ်ပေးလိုက်သည့်လူအပေါင်းတို့အား၊-
5. `သင်တို့အိမ်ရာဆောက်လုပ်၍အတည်တကျ နေထိုင်ကြလော့။ ဥယျာဉ်များကိုစိုက်ပျိုး၍ ရရှိသည့်အသီးအနှံများကိုစားကြလော့။-
6. အိမ်ထောင်သားမွေးမှုတို့ကိုပြုစေကြလော့။ သင်တို့၏သားသမီးတို့အားသားသမီးမွေး ဖွားစေရန်အိမ်ထောင်ပြုစေကြလော့။ သင်တို့ တွင်လူဦးရေတိုးပွားစေရမည်။ မဆုတ်ယုတ် စေရ။-
7. သင်တို့အားသုံ့ပန်းများအဖြစ်ငါပို့ဆောင် လိုက်သည့်မြို့ကိုကောင်းကျိုးပြုကြလော့။ ထို မြို့ကောင်းစားလျှင်သင်တို့လည်းကောင်းစား မည်ဖြစ်၍ ထိုမြို့အတွက်ငါ၏ထံသို့ဆု တောင်းပတ္ထနာပြုကြလော့။-
8. ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင် ငါထာဝရဘုရားသတိ ပေးတော်မူ၏။ သင်တို့သည်မိမိတို့အထဲမှ ပရောဖက်များ၊ အခြားအနာဂတ်ဟောသည့် ဆရာများ၏လိမ်လည်လှည့်စားမှုကိုမခံ ကြနှင့်။ သူတို့၏အိပ်မက်များကိုလည်းမည် သို့မျှပမာဏမပြုကြနှင့်။-
9. သူတို့သည်ငါ၏နာမကိုအမှီပြု၍မုသား စကားကိုပြောဆိုနေကြ၏။ သူတို့အားငါ မစေလွှတ်ခဲ့။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏' ဟုမိန့်တော်မူ၏။
10. ``ထာဝရဘုရားက`ဗာဗုလုန်မြို့၏သက်တမ်း အနှစ်ခုနစ်ဆယ်စေ့သောအခါ ငါသည်သင် တို့အားပြန်လည်ကြည့်ရှုမည်။ ငါ၏ကတိတော် ရှိသည့်အတိုင်းသင်တို့၏ပြည်သို့ပြန်လည် ပို့ဆောင်မည်။-
11. သင်တို့အတွက်ငါပြုလုပ်ထားသည့်အကြံ အစည်များကိုငါသာလျှင်သိ၏။ ထိုအကြံ အစည်တို့သည်သင်တို့ကောင်းစားမှု၊ သင်တို့ စောင့်မျှော်နေသည့်အနာဂတ်ကိုထုတ်ဖော်ပေး မှုနှင့်ဆိုင်သောအကြံအစည်များဖြစ်ပေ သည်။ သင်တို့အားဘေးအန္တရာယ်ရောက်စေ မည့်အကြံအစည်များမဟုတ်။-
12. ထိုအခါသင်တို့သည်ငါ့အားဟစ်ခေါ်ကြ လိမ့်မည်။ ငါ့ထံသို့လာ၍ဆုတောင်းပတ္ထနာ ပြုကြလိမ့်မည်။ ငါသည်လည်းသင်တို့၏ပန် ကြားချက်ကိုနားညောင်းမည်။-
13. သင်တို့သည်စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာမည် ဖြစ်သဖြင့် ငါ့ကိုရှာ၍တွေ့ရှိကြလိမ့်မည်။-
14. သင်တို့သည်အမှန်ပင်ငါ့ကိုတွေ့ရှိကြလိမ့် မည်ဟူ၍လည်းကောင်း၊ ငါသည်လည်းသင်တို့ အားမိမိတို့ပြည်သို့ပြန်လည်ပို့ဆောင်ပေး မည်ဟူ၍လည်းကောင်းငါဆို၏။ ငါသည်သင် တို့အားမိမိကွဲလွင့်စေခဲ့သည့်နိုင်ငံတကာ အရပ်တကာတို့မှပြန်လည်စုသိမ်းမည်။ ထို နောက်သင်တို့အားသုံ့ပန်းအဖြစ်ငါအဖမ်း ခံစေခဲ့ရသည့်ပြည်သို့ပြန်လည်ပို့ဆောင် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏' ဟူ၍လည်းမိန့်တော် မူ၏။
15. ``သင်တို့ပြည်သူများကမိမိတို့အဖို့ ထာဝရဘုရားသည် ဗာဗုလုန်မြို့တွင် ပရောဖက်များကိုပေါ်ထွန်းစေတော်မူ လေပြီဟုဆိုကြ၏။-