ယေ​ရ​မိ 28:7-12 Common Language Bible (BCL)

7. သို့​ရာ​တွင်​သင်​နှင့်​တ​ကွ​ပြည်​သူ​အ​ပေါင်း တို့​အား ငါ​ပြော​ဆို​သည့်​စ​ကား​ကို​နား ထောင်​လော့။-

8. သင်​နှင့်​ငါ​တို့​၏​ခေတ်​မ​တိုင်​မီ​ရှေး​အ​ခါ​၌ ဟော​ကြား​ခဲ့​သော​ပ​ရော​ဖက်​များ​က​လူ​မျိုး တ​ကာ​တို့​သည်​လည်း​ကောင်း၊ တန်​ခိုး​ကြီး သော​နိုင်​ငံ​များ​သည်​လည်း​ကောင်း၊ စစ်​မက် အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​သင့်​ကြ​ရ​လိမ့်​မည်​ဟု ဖော်​ပြ​ခဲ့​ကြ​၏။-

9. သို့​ရာ​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​လိမ့်​မည် ဟု​ကြို​တင်​ဟော​ကြား​သည့်​ပ​ရော​ဖက်​ကို မူ သူ​၏​စ​ကား​မှန်​လျက်​နေ​သည်​ကို​တွေ့​ရှိ ရ​သော​အ​ခါ​မှ​သာ​လျှင် သူ​သည်​ထာ​ဝ​ရ ဘု​ရား​အ​မှန်​ပင်​စေ​လွှတ်​တော်​မူ​သော ပ​ရော​ဖက်​ဖြစ်​ကြောင်း​အ​သိ​အ​မှတ် ပြု​နိုင်​ပါ​လိမ့်​မည်'' ဟု​ဆို​၏။

10. ထို​အ​ခါ​ဟာ​န​နိ​သည်​ငါ​၏​လည်​ဂုတ် ပေါ်​မှ​ထမ်း​ပိုး​ကို​ဖြုတ်​ယူ​၍ အ​ပိုင်း​ပိုင်း ချိုး​ပစ်​ပြီး​လျှင်၊-

11. လူ​အ​ပေါင်း​တို့​၏​ရှေ့​၌​ငါ့​အား``လူ​မျိုး​တ​ကာ တို့​အ​ပေါ်​သို့​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​တင်​သော ထမ်း​ပိုး​ကို ဤ​နည်း​အ​တိုင်း​ပင်​ချိုး​ပစ်​တော် မူ​မည်။ နှစ်​နှစ်​အ​တွင်း​ဤ​အ​မှု​ကို​ဖြစ်​ပွား စေ​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ပါ​၏'' ဟု​ပြော​၏။ ထို​အ​ခါ​ငါ​သည် ထွက်​ခွာ​ခဲ့​၏။

12. ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-

ယေ​ရ​မိ 28