ယေ​ရ​မိ 28:5-9 Common Language Bible (BCL)

5. ထို​အ​ခါ​ငါ​သည်​ပ​ရော​ဖက်​ဟာ​န​နိ​အား ဗိ​မာန်​တော်​ထဲ​တွင်​ရပ်​လျက်​နေ​သော ယဇ်​ပု ရော​ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​၏ ရှေ့​၌၊-

6. ``သင်​ပြော​သည့်​အ​တိုင်း​ပင်​ဖြစ်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​တိုင်း​ပင်​ပြု​တော် မူ​လိမ့်​မည်​ဟု​လည်း​ငါ​မျှော်​လင့်​ပါ​၏။ ကိုယ် တော်​သည်​သင်​၏​ဟော​ကြား​ချက်​များ​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော်​မူ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့​သိမ်း ယူ​သွား​သော​ဗိ​မာန်​တော်​ဘဏ္ဍာ​များ​နှင့် သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး​သွား​သည့်​သူ အ​ပေါင်း​တို့​အား ပြန်​လည်​ခေါ်​ဆောင်​လာ တော်​မူ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​ငါ မျှော်​လင့်​ပါ​၏။-

7. သို့​ရာ​တွင်​သင်​နှင့်​တ​ကွ​ပြည်​သူ​အ​ပေါင်း တို့​အား ငါ​ပြော​ဆို​သည့်​စ​ကား​ကို​နား ထောင်​လော့။-

8. သင်​နှင့်​ငါ​တို့​၏​ခေတ်​မ​တိုင်​မီ​ရှေး​အ​ခါ​၌ ဟော​ကြား​ခဲ့​သော​ပ​ရော​ဖက်​များ​က​လူ​မျိုး တ​ကာ​တို့​သည်​လည်း​ကောင်း၊ တန်​ခိုး​ကြီး သော​နိုင်​ငံ​များ​သည်​လည်း​ကောင်း၊ စစ်​မက် အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​သင့်​ကြ​ရ​လိမ့်​မည်​ဟု ဖော်​ပြ​ခဲ့​ကြ​၏။-

9. သို့​ရာ​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​လိမ့်​မည် ဟု​ကြို​တင်​ဟော​ကြား​သည့်​ပ​ရော​ဖက်​ကို မူ သူ​၏​စ​ကား​မှန်​လျက်​နေ​သည်​ကို​တွေ့​ရှိ ရ​သော​အ​ခါ​မှ​သာ​လျှင် သူ​သည်​ထာ​ဝ​ရ ဘု​ရား​အ​မှန်​ပင်​စေ​လွှတ်​တော်​မူ​သော ပ​ရော​ဖက်​ဖြစ်​ကြောင်း​အ​သိ​အ​မှတ် ပြု​နိုင်​ပါ​လိမ့်​မည်'' ဟု​ဆို​၏။

ယေ​ရ​မိ 28