ယေ​ရ​မိ 28:1-4 Common Language Bible (BCL)

1. ထို​နှစ်​တည်း​ဟူ​သော​ဇေ​ဒ​ကိ​မင်း​နန်း​စံ စ​တုတ္ထ​နှစ်​ပဉ္စ​မ​လ​၌​အာ​ဇု​ရ​၏​သား ဂိ​ဘောင်​မြို့​နေ​ပ​ရော​ဖက်​ဟာ​န​နိ​သည် ယေ​ရ​မိ​အား​ဗိ​မာန်​တော်​ထဲ​တွင်​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ပြည်​သူ​တို့​၏​ရှေ့​၌၊-

2. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​ဗာ​ဗု​လုန်​မင်း​၏​အာ​ဏာ တန်​ခိုး​ကို​ချိုး​နှိမ်​တော်​မူ​ပြီ။-

3. ဤ​ဗိ​မာန်​တော်​မှာ​ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​သွား​သော​ဘဏ္ဍာ​မှန်​သ​မျှ ကို နှစ်​နှစ်​အ​တွင်း​ဤ​ဌာ​န​တော်​သို့​ငါ​ပြန် လည်​ယူ​ဆောင်​လာ​မည်။-

4. ငါ​သည်​ယော​ယ​ကိမ်​၏​သား​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​ကို​လည်း ယု​ဒ​ပြည်​မှ​ဗာ​ဗု​လုန် မြို့​သို့​လိုက်​ပါ​သွား​ရ​ကြ​သည့်​သုံ့​ပန်း​များ နှင့်​အ​တူ​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ ဗာ​ဗု လုန်​မင်း​၏​အာ​ဏာ​တန်​ခိုး​ကို​အ​မှန်​ပင် ငါ​ချိုး​နှိမ်​တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လေ​၏။

ယေ​ရ​မိ 28