6. သင်တို့သည်ယခုငါပြောသည့်အတိုင်းမပြု ဘဲနေခဲ့ပါမူ ငါသည်ဤမြို့ကိုရှိလောရွာကဲ့ သို့ဖြစ်စေမည်။ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ သည်လည်း ဤမြို့၏အမည်နာမကိုကျိန်ဆဲ ရာတွင်အသုံးပြုကြလိမ့်မည်ဟုပြောကြား လော့'' ဟူ၍ဖြစ်၏။
7. ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ပြည် သူအပေါင်းတို့သည် ဗိမာန်တော်ထဲ၌ငါဆင့် ဆိုဟောပြောသည့်ထိုစကားတို့ကိုကြား ကြ၏။-
8. မိမိအားထာဝရဘုရားမိန့်မှာတော်မူသမျှ ကိုငါပြန်ကြားပြောဆိုပြီးသည်နှင့်တစ်ပြိုင် နက်သူ၏ပုရောဟိတ်များ၊ ပရောဖက်များ နှင့်ပြည်သူတို့သည်ငါ့အားဆွဲကိုင်ဖမ်းဆီး ကာ``သင်သည်ဤစကားတို့ကိုပြောဆိုသည့် အတွက်သေဒဏ်ခံထိုက်၏။-
9. အဘယ်ကြောင့်ဗိမာန်တော်သည်ရှိလောရွာကဲ့ သို့ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ဤမြို့သည် ဖျက်ဆီးခြင်းခံရ၍လူသူဆိတ်ငြိမ်ရာဖြစ် လိမ့်မည်ဟူ၍လည်းကောင်း သင်သည်ထာဝရ ဘုရား၏နာမတော်ကိုအမှီပြု၍ပြောဆို ပါသနည်း'' ဟုဟစ်အော်ကြ၏။ ထိုနောက် လူတို့သည်ဗိမာန်တော်အတွင်း၌စုရုံး၍ ငါ့အားဝိုင်းရံထားကြ၏။
10. ယုဒခေါင်းဆောင်များသည် ထိုအဖြစ်အပျက် အကြောင်းကိုကြားသိကြသောအခါ ဘုရင် နန်းတော်မှလာ၍ဗိမာန်တော်တံခါးသစ် အဝင်ဝ၌နေရာယူကြ၏။-
11. ထိုနောက်ယဇ်ပုရောဟိတ်များနှင့်ပရောဖက် တို့ကခေါင်းဆောင်များနှင့်ပြည်သူတို့အား``ဤ သူသည်ငါတို့၏မြို့ကိုဆန့်ကျင်ပြောဆိုသဖြင့် သေဒဏ်ခံထိုက်ပေသည်။ သူပြောဆိုသည့်စကား ကိုသင်တို့ကိုယ်တိုင်ကြားကြ၏'' ဟုဆို၏။
12. ထိုအခါငါသည်ခေါင်းဆောင်များနှင့် ပြည်သူ တို့အား``ဤဗိမာန်တော်နှင့်ဤမြို့ကိုဆန့်ကျင် ၍ ငါပြောဆိုသည်ကိုသင်တို့ကြားရကြ၏။ ထိုစကားတို့သည်ငါ့အား၊ ထာဝရဘုရား စေလွှတ်ပြန်ကြားစေတော်မူသည့်စကား များဖြစ်၏။-
13. သင်တို့သည်မိမိတို့နေထိုင်ပြုကျင့်ပုံကို ပြောင်းလဲကာ သင်တို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားထောင်ရကြမည်။ ထို အခါကိုယ်တော်သည်သင်တို့အားဖျက်ဆီး တော်မူမည်ဟု ယခင်မိန့်ကြားခဲ့သော်လည်း မိမိ၏စိတ်တော်ကိုပြောင်းလဲစေတော်မူ လိမ့်မည်။-
14. ငါမူကားသင်တို့၏လက်တွင်း၌ရှိ၏။ သင်တို့ ၏စိတ်တွင်မှန်သည်၊ တရားသည်ဟုထင်မှတ် သည့်အတိုင်းငါ့အားပြုလော့။-
15. သို့ရာတွင်အကယ်၍ငါ့အားသတ်မည်ဆို လျှင် သင်တို့နှင့်ဤမြို့သူမြို့သားအပေါင်း တို့သည် အပြစ်မဲ့သူတစ်ဦးကိုသတ်သည့် အတွက်အပြစ်သင့်ကြလိမ့်မည်ဖြစ်ကြောင်း အသေအချာသိမှတ်ကြလော့။ အဘယ် ကြောင့်ဆိုသော်ငါ့ကိုစေလွှတ်၍ သင်တို့အား ဤစကားများကိုပြောဆိုစေသောအရှင် မှာထာဝရဘုရားပင်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။
16. ထိုအခါခေါင်းဆောင်များနှင့်ပြည်သူတို့က ယဇ်ပုရောဟိတ်များနှင့်ပရောဖက်တို့အား``ဤ သူသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ ငါတို့အားဟော ပြောသဖြင့်သူ့အားသေဒဏ်မပေးသင့်'' ဟုပြောဆိုကြ၏။
17. ထိုနောက်မြို့မိမြို့ဖအချို့တို့သည်ထ၍ စုဝေးလျက်ရှိသောပရိသတ်အား၊-
18. ``ယုဒဘုရင်ဟေဇကိလက်ထက်၌ မေရရှ ရွာသားပရောဖက်မိက္ခာသည်ပြည်သူအပေါင်း တို့အား အနန္တတန်ခိုးရှင်ထာဝရဘုရားက၊`ဇိအုန်တောင်သည်လယ်မြေကဲ့သို့ထွန်ယက် ခြင်းကို ခံရလိမ့်မည်။ယေရုရှလင်မြို့သည်ကျောက်ပုံဖြစ်၍လာ လျက်ဗိမာန်တော်တောင်ကုန်းသည်သစ်တော ဖြစ်လိမ့်မည်' ဟုမိန့်တော်မူကြောင်းဆင့်ဆိုခဲ့လေသည်။
19. ယုဒဘုရင်ဟေဇကိနှင့်သူ၏ပြည်သူတို့ သည် မိက္ခာအားသေဒဏ်မပေးခဲ့ကြ။ သေ ဒဏ်ပေးမည့်အစားဟေဇကိသည် ထာဝရ ဘုရားအားကြောက်ရွံ့သဖြင့်ရှေ့တော်၌ မျက်နှာပွင့်လန်းရန်ကြိုးစား၍ဆောင်ရွက် ၏။ ထိုအခါထာဝရဘုရားသည်ထိုသူတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးသက်ရောက် စေမည်ဟု ယခင်ကမိန့်ကြားခဲ့သော်လည်း မိမိစိတ်တော်ကိုပြောင်းလဲစေတော်မူ၏။ ယခုငါတို့သည်မိမိတို့အပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသည့်ဘေးအန္တရာယ် ဆိုးသက်ရောက်အောင်ပြုကြသည်တကား'' ဟုဆိုကြ၏။
20. (ထာဝရဘုရား၏နာမတော်ကိုအမှီ ပြု၍ ဟောပြောကြသူအခြားလူတစ် ယောက်ရှိသေး၏။ ထိုသူသည်ရှေမာယ ၏သား၊ ကိရယတ်ယာရိမ်မြို့သားဥရိယ ဖြစ်၏။ သူသည်ဤမြို့နှင့်ဤလူမျိုးအား ဆန့်ကျင်၍ယေရမိဟောပြောသကဲ့သို့ ဟောပြောခဲ့၏။-
21. သူ၏စကားကိုယောယကိမ်မင်းနှင့်သူ၏ မှူးမတ်များနှင့်စစ်သည်တော်များကြားသော အခါ မင်းကြီးသည်သူ့အားကွပ်မျက်ရန် ကြိုးစား၏။ သို့ရာတွင်ဥရိယသည်ထိုသတင်း ကိုကြားသဖြင့်ကြောက်၍အီဂျစ်ပြည်သို့ ထွက်ပြေးသွားလေသည်။-