ယေ​ရ​မိ 26:6-15 Common Language Bible (BCL)

6. သင်​တို့​သည်​ယ​ခု​ငါ​ပြော​သည့်​အ​တိုင်း​မ​ပြု ဘဲ​နေ​ခဲ့​ပါ​မူ ငါ​သည်​ဤ​မြို့​ကို​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​စေ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ဤ​မြို့​၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်​ဟု​ပြော​ကြား လော့'' ဟူ​၍​ဖြစ်​၏။

7. ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ပြည် သူ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​ထဲ​၌​ငါ​ဆင့် ဆို​ဟော​ပြော​သည့်​ထို​စ​ကား​တို့​ကို​ကြား ကြ​၏။-

8. မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ ကို​ငါ​ပြန်​ကြား​ပြော​ဆို​ပြီး​သည်​နှင့်​တစ်​ပြိုင် နက်​သူ​၏​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ နှင့်​ပြည်​သူ​တို့​သည်​ငါ့​အား​ဆွဲ​ကိုင်​ဖမ်း​ဆီး ကာ``သင်​သည်​ဤ​စ​ကား​တို့​ကို​ပြော​ဆို​သည့် အ​တွက်​သေ​ဒဏ်​ခံ​ထိုက်​၏။-

9. အ​ဘယ်​ကြောင့်​ဗိ​မာန်​တော်​သည်​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ဤ​မြို့​သည် ဖျက်​ဆီး​ခြင်း​ခံ​ရ​၍​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လိမ့်​မည်​ဟူ​၍​လည်း​ကောင်း သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​အ​မှီ​ပြု​၍​ပြော​ဆို ပါ​သ​နည်း'' ဟု​ဟစ်​အော်​ကြ​၏။ ထို​နောက် လူ​တို့​သည်​ဗိ​မာန်​တော်​အ​တွင်း​၌​စု​ရုံး​၍ ငါ့​အား​ဝိုင်း​ရံ​ထား​ကြ​၏။

10. ယု​ဒ​ခေါင်း​ဆောင်​များ​သည် ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ ဘု​ရင် နန်း​တော်​မှ​လာ​၍​ဗိ​မာန်​တော်​တံ​ခါး​သစ် အ​ဝင်​ဝ​၌​နေ​ရာ​ယူ​ကြ​၏။-

11. ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက် တို့​က​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​အား``ဤ သူ​သည်​ငါ​တို့​၏​မြို့​ကို​ဆန့်​ကျင်​ပြော​ဆို​သ​ဖြင့် သေ​ဒဏ်​ခံ​ထိုက်​ပေ​သည်။ သူ​ပြော​ဆို​သည့်​စ​ကား ကို​သင်​တို့​ကိုယ်​တိုင်​ကြား​ကြ​၏'' ဟု​ဆို​၏။

12. ထို​အ​ခါ​ငါ​သည်​ခေါင်း​ဆောင်​များ​နှင့် ပြည်​သူ တို့​အား``ဤ​ဗိ​မာန်​တော်​နှင့်​ဤ​မြို့​ကို​ဆန့်​ကျင် ၍ ငါ​ပြော​ဆို​သည်​ကို​သင်​တို့​ကြား​ရ​ကြ​၏။ ထို​စ​ကား​တို့​သည်​ငါ့​အား၊ ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​ပြန်​ကြား​စေ​တော်​မူ​သည့်​စ​ကား များ​ဖြစ်​၏။-

13. သင်​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​ပြု​ကျင့်​ပုံ​ကို ပြောင်း​လဲ​ကာ သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ ထို အ​ခါ​ကိုယ်​တော်​သည်​သင်​တို့​အား​ဖျက်​ဆီး တော်​မူ​မည်​ဟု ယ​ခင်​မိန့်​ကြား​ခဲ့​သော်​လည်း မိ​မိ​၏​စိတ်​တော်​ကို​ပြောင်း​လဲ​စေ​တော်​မူ လိမ့်​မည်။-

14. ငါ​မူ​ကား​သင်​တို့​၏​လက်​တွင်း​၌​ရှိ​၏။ သင်​တို့ ၏​စိတ်​တွင်​မှန်​သည်၊ တ​ရား​သည်​ဟု​ထင်​မှတ် သည့်​အ​တိုင်း​ငါ့​အား​ပြု​လော့။-

15. သို့​ရာ​တွင်​အ​ကယ်​၍​ငါ့​အား​သတ်​မည်​ဆို လျှင် သင်​တို့​နှင့်​ဤ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​သည် အ​ပြစ်​မဲ့​သူ​တစ်​ဦး​ကို​သတ်​သည့် အ​တွက်​အ​ပြစ်​သင့်​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း အ​သေ​အ​ချာ​သိ​မှတ်​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ့​ကို​စေ​လွှတ်​၍ သင်​တို့​အား ဤ​စ​ကား​များ​ကို​ပြော​ဆို​စေ​သော​အ​ရှင် မှာ​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​သော​ကြောင့် တည်း'' ဟု​ဆို​၏။

ယေ​ရ​မိ 26