1. ယုဒပြည်တွင်ယောရှိ၏သား ယောယကိမ် နန်းတက်ပြီးနောက်များမကြာမီထာဝရ ဘုရားသည်ငါ့အား၊-
2. ဤသို့မိန့်တော်မူ၏။ ``ဗိမာန်တော်တံတိုင်း အတွင်း၌ရပ်ပြီးလျှင် ထိုအရပ်သို့ယုဒ မြို့များမှထာဝရဘုရား၏အိမ်တော်တွင် ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောလူတို့ အား ငါမိန့်မှာသမျှသောစကားတို့ကိုပြော ကြားလော့။ တစ်ခွန်းတစ်လေကိုမျှချန်မ ထားနှင့်။-
3. လူတို့သည်နားထောင်၍မိမိတို့၏အကျင့် ဆိုးများကိုစွန့်ပစ်ကောင်းစွန့်ပစ်ကြလိမ့်မည်။ အကယ်၍သူတို့သည်ဤသို့စွန့်ပစ်ကြပါ မူငါသည်သူတို့၏ယုတ်မာမှုများအတွက် သုတ်သင်ဖျက်ဆီးရန်အကြံအစည်တော် နှင့်ပတ်သက်၍စိတ်တော်ပြောင်းလဲတော်မူ မည်'' ဟုမိန့်တော်မူ၏။
4. ထာဝရဘုရားသည်လူတို့အားဆင့်ဆိုရန် ငါ့အားမိန့်တော်မူသည်မှာ``ထာဝရဘုရား ကသင်တို့သည်ငါပေးအပ်ခဲ့သည့်သြဝါဒ များကိုလိုက်နာကျင့်သုံးကာငါ၏စကား ကိုနားထောင်ရကြမည်။-
5. သင်တို့ထံသို့ထပ်ကာထပ်ကာငါစေလွှတ် သည့် ငါ၏အစေခံပရောဖက်တို့၏စကား ကိုပမာဏပြုရကြမည်။ သင်တို့သည်သူ တို့၏စကားကိုအဘယ်အခါ၌မျှနား မထောင်ခဲ့ကြ။-
6. သင်တို့သည်ယခုငါပြောသည့်အတိုင်းမပြု ဘဲနေခဲ့ပါမူ ငါသည်ဤမြို့ကိုရှိလောရွာကဲ့ သို့ဖြစ်စေမည်။ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ သည်လည်း ဤမြို့၏အမည်နာမကိုကျိန်ဆဲ ရာတွင်အသုံးပြုကြလိမ့်မည်ဟုပြောကြား လော့'' ဟူ၍ဖြစ်၏။
7. ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ပြည် သူအပေါင်းတို့သည် ဗိမာန်တော်ထဲ၌ငါဆင့် ဆိုဟောပြောသည့်ထိုစကားတို့ကိုကြား ကြ၏။-
8. မိမိအားထာဝရဘုရားမိန့်မှာတော်မူသမျှ ကိုငါပြန်ကြားပြောဆိုပြီးသည်နှင့်တစ်ပြိုင် နက်သူ၏ပုရောဟိတ်များ၊ ပရောဖက်များ နှင့်ပြည်သူတို့သည်ငါ့အားဆွဲကိုင်ဖမ်းဆီး ကာ``သင်သည်ဤစကားတို့ကိုပြောဆိုသည့် အတွက်သေဒဏ်ခံထိုက်၏။-
9. အဘယ်ကြောင့်ဗိမာန်တော်သည်ရှိလောရွာကဲ့ သို့ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း၊ ဤမြို့သည် ဖျက်ဆီးခြင်းခံရ၍လူသူဆိတ်ငြိမ်ရာဖြစ် လိမ့်မည်ဟူ၍လည်းကောင်း သင်သည်ထာဝရ ဘုရား၏နာမတော်ကိုအမှီပြု၍ပြောဆို ပါသနည်း'' ဟုဟစ်အော်ကြ၏။ ထိုနောက် လူတို့သည်ဗိမာန်တော်အတွင်း၌စုရုံး၍ ငါ့အားဝိုင်းရံထားကြ၏။
10. ယုဒခေါင်းဆောင်များသည် ထိုအဖြစ်အပျက် အကြောင်းကိုကြားသိကြသောအခါ ဘုရင် နန်းတော်မှလာ၍ဗိမာန်တော်တံခါးသစ် အဝင်ဝ၌နေရာယူကြ၏။-
11. ထိုနောက်ယဇ်ပုရောဟိတ်များနှင့်ပရောဖက် တို့ကခေါင်းဆောင်များနှင့်ပြည်သူတို့အား``ဤ သူသည်ငါတို့၏မြို့ကိုဆန့်ကျင်ပြောဆိုသဖြင့် သေဒဏ်ခံထိုက်ပေသည်။ သူပြောဆိုသည့်စကား ကိုသင်တို့ကိုယ်တိုင်ကြားကြ၏'' ဟုဆို၏။
12. ထိုအခါငါသည်ခေါင်းဆောင်များနှင့် ပြည်သူ တို့အား``ဤဗိမာန်တော်နှင့်ဤမြို့ကိုဆန့်ကျင် ၍ ငါပြောဆိုသည်ကိုသင်တို့ကြားရကြ၏။ ထိုစကားတို့သည်ငါ့အား၊ ထာဝရဘုရား စေလွှတ်ပြန်ကြားစေတော်မူသည့်စကား များဖြစ်၏။-
13. သင်တို့သည်မိမိတို့နေထိုင်ပြုကျင့်ပုံကို ပြောင်းလဲကာ သင်တို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားထောင်ရကြမည်။ ထို အခါကိုယ်တော်သည်သင်တို့အားဖျက်ဆီး တော်မူမည်ဟု ယခင်မိန့်ကြားခဲ့သော်လည်း မိမိ၏စိတ်တော်ကိုပြောင်းလဲစေတော်မူ လိမ့်မည်။-