4. ထာဝရဘုရားသည်အဖန်တလဲလဲ မိမိ ၏အစေခံပရောဖက်များကိုသင်တို့ထံ သို့စေလွှတ်တော်မူခဲ့သော်လည်း သင်တို့ သည်သူတို့၏စကားကိုနားမထောင် ကြ။ ပမာဏလည်းမပြုလိုကြ။-
5. သင်တို့သည်မိမိတို့နှင့်ဘိုးဘေးများအား အပြီးအပိုင် ထာဝရဘုရားပေးအပ်တော် မူခဲ့သည့်ပြည်တော်တွင်နေထိုင်ကြစေရန် ထိုပရောဖက်တို့သည်သင်တို့လိုက်လျှောက် လျက်ရှိသည့်လမ်းစဉ်နှင့်ပြုကျင့်လျက်ရှိ သည့်မကောင်းမှုတို့ကိုရှောင်ကြဉ်ရန်ပြော ကြားခဲ့ကြ၏။-
6. သူတို့သည်သင်တို့အားအခြားဘုရားများ ကိုဝတ်ပြုကိုးကွယ်မှုမပြုကြရန်ကိုလည်း ကောင်း၊ သင်တို့သွန်းလုပ်သည့်ရုပ်တုများကို ရှိခိုးဝတ်ပြုခြင်းအားဖြင့် ထာဝရဘုရား ၏အမျက်တော်ကိုလှုံ့ဆော်မှုမပြုကြရန် ကိုလည်းကောင်းပြောကြားခဲ့ကြ၏။ အကယ် ၍သင်တို့သည်ကိုယ်တော်၏စကားကိုသာ နားထောင်ကြမည်ဆိုပါမူ ကိုယ်တော်သည် သင်တို့အားအပြစ်ဒဏ်ခတ်တော်မူလိမ့်မည် မဟုတ်။-
7. သို့ရာတွင်သင်တို့သည်ကိုယ်တော်၏စကား ကိုနားမထောင်ကြကြောင်း ထာဝရဘုရား ကိုယ်တော်တိုင်မိန့်တော်မူပြီ။ သင်တို့သည် ကိုယ်တော်၏စကားကိုနားထောင်မည့်အစား မိမိတို့ပြုလုပ်သည့်ရုပ်တုများအားဖြင့် အမျက်တော်ကိုလှုံ့ဆော်ကာ ကိုယ်တော်ပေး တော်မူသည့်အပြစ်ဒဏ်ကိုမိမိတို့အပေါ် သို့သက်ရောက်စေကြလေပြီ။
8. ``ထို့ကြောင့်သင်တို့သည် ကိုယ်တော်၏စကား ကိုနားမထောင်လိုကြသဖြင့် အနန္တတန်ခိုး ရှင်ထာဝရဘုရားက၊-
9. `ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
10. ငါသည်ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော် ကြသည့်အသံများနှင့် မင်္ဂလာဆောင်ပွဲအသံ များကိုလည်းကောင်း၊ ကျိတ်ဆုံကျောက်လှည့် သည့်အသံများကိုလည်းကောင်းဆိတ်သုဉ်း စေမည်။ ထို့ပြင်မီးခွက်များကိုလည်းငါ ငြိမ်းသတ်မည်။-
11. ဤပြည်တစ်ခုလုံးသည်ယိုယွင်းပျက်စီးလျက် ကျန်ရစ်ကာ ရှုမြင်ရသူတို့ထိတ်လန့်ဖွယ်ရာ ဖြစ်လိမ့်မည်။ ပတ်ဝန်းကျင်ရှိလူမျိုးအပေါင်း တို့သည်လည်း အနှစ်ခုနစ်ဆယ်တိုင်တိုင်ဗာ ဗုလုန်ဘုရင်၏အစေကိုခံရကြလိမ့်မည်။-
12. ထိုနောက်ငါသည်ဗာဗုလုန်ဘုရင်နှင့်ပြည်သူ တို့အား မိမိတို့ကူးလွန်သည့်အပြစ်အတွက် ဆုံးမမည်။ သူတို့၏ပြည်ကိုဖျက်ဆီးကာ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေစေမည်။-
13. ငါသည်ထိုလူမျိုးအားယခင်ကခြိမ်းခြောက် ခဲ့သည့်အတိုင်းလူမျိုးတကာတို့အား ယေ ရမိပြန်ကြားခဲ့သည့်အပြစ်ဒဏ်များဖြင့် လည်းကောင်း၊ ဤစာစောင်တွင်ဖော်ပြပါရှိ သည့်အပြစ်ဒဏ်များဖြင့်လည်းကောင်း ဆုံးမမည်။-