1. ယောရှိ၏သား၊ ယုဒဘုရင်ယောယကိမ်နန်းစံ စတုတ္ထနှစ်၌ ယေရမိသည်ယုဒပြည်သူအ ပေါင်းတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏ထံ တော်မှဗျာဒိတ်တော်ကိုခံယူရရှိလေသည်။ (ထိုနှစ်ကားဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ၏နန်းစံပထမနှစ်ဖြစ်လေသတည်း။)-
2. ပရောဖက်ယေရမိကယုဒပြည်သား အပေါင်းတို့နှင့် ယေရုရှလင်မြို့သူမြို့ သားအပေါင်းတို့အား၊-
3. ``ထာဝရဘုရားသည်အာမုန်၏သားယုဒ ဘုရင်ယောရှိနန်းစံတစ်ဆယ့်သုံးနှစ်မြောက် မှအစပြု၍ ယနေ့တိုင်အောင်နှစ်ဆယ့်သုံး နှစ်ပတ်လုံးငါ့အားဗျာဒိတ်ပေးလျက်နေ တော်မူခဲ့၏။ ငါသည်လည်းကိုယ်တော်၏ ဗျာဒိတ်တော်များကို သင်တို့အားပြန်ကြား ခဲ့၏။ သို့ရာတွင်သင်တို့သည်ပမာဏမပြု ခဲ့ကြ။-
4. ထာဝရဘုရားသည်အဖန်တလဲလဲ မိမိ ၏အစေခံပရောဖက်များကိုသင်တို့ထံ သို့စေလွှတ်တော်မူခဲ့သော်လည်း သင်တို့ သည်သူတို့၏စကားကိုနားမထောင် ကြ။ ပမာဏလည်းမပြုလိုကြ။-
5. သင်တို့သည်မိမိတို့နှင့်ဘိုးဘေးများအား အပြီးအပိုင် ထာဝရဘုရားပေးအပ်တော် မူခဲ့သည့်ပြည်တော်တွင်နေထိုင်ကြစေရန် ထိုပရောဖက်တို့သည်သင်တို့လိုက်လျှောက် လျက်ရှိသည့်လမ်းစဉ်နှင့်ပြုကျင့်လျက်ရှိ သည့်မကောင်းမှုတို့ကိုရှောင်ကြဉ်ရန်ပြော ကြားခဲ့ကြ၏။-
6. သူတို့သည်သင်တို့အားအခြားဘုရားများ ကိုဝတ်ပြုကိုးကွယ်မှုမပြုကြရန်ကိုလည်း ကောင်း၊ သင်တို့သွန်းလုပ်သည့်ရုပ်တုများကို ရှိခိုးဝတ်ပြုခြင်းအားဖြင့် ထာဝရဘုရား ၏အမျက်တော်ကိုလှုံ့ဆော်မှုမပြုကြရန် ကိုလည်းကောင်းပြောကြားခဲ့ကြ၏။ အကယ် ၍သင်တို့သည်ကိုယ်တော်၏စကားကိုသာ နားထောင်ကြမည်ဆိုပါမူ ကိုယ်တော်သည် သင်တို့အားအပြစ်ဒဏ်ခတ်တော်မူလိမ့်မည် မဟုတ်။-
7. သို့ရာတွင်သင်တို့သည်ကိုယ်တော်၏စကား ကိုနားမထောင်ကြကြောင်း ထာဝရဘုရား ကိုယ်တော်တိုင်မိန့်တော်မူပြီ။ သင်တို့သည် ကိုယ်တော်၏စကားကိုနားထောင်မည့်အစား မိမိတို့ပြုလုပ်သည့်ရုပ်တုများအားဖြင့် အမျက်တော်ကိုလှုံ့ဆော်ကာ ကိုယ်တော်ပေး တော်မူသည့်အပြစ်ဒဏ်ကိုမိမိတို့အပေါ် သို့သက်ရောက်စေကြလေပြီ။
19-26. စပျစ်ရည်ခွက်ဖလားမှအမျက်တော်ရည် ကိုသောက်ရကြသည့်အခြားသူများ၏ စာရင်းမှာ၊အီဂျစ်ဘုရင်မှူးမတ်များနှင့်ခေါင်းဆောင်များ၊အီဂျစ်အမျိုးသားများနှင့်အီဂျစ်ပြည်ရှိ လူမျိုးခြားရှိသမျှ၊ဥဇပြည်မင်းအပေါင်း၊ဖိလိတ္တိပြည်ရှိအာရှကေလုန်မြို့၊ဂါဇမြို့၊ဧကြုန်မြို့တို့မှဘုရင်အပေါင်းနှင့်အာဇုတ် မြို့သား အကြွင်းအကျန်ရှိသမျှ၊ဧဒုံပြည်၊မောဘပြည်နှင့်အမ္မုန်ပြည်သား အပေါင်း၊တုရုနှင့်ဇိဒုန်ဘုရင်အပေါင်း၊ပင်လယ်ရပ်ခြားမြေထဲပင်လယ်ဒေသတွင် အုပ်စိုးသည့်ဘုရင်အပေါင်း၊ဒေဒန်မြို့၊တေမမြို့နှင့်ဗုဇမြို့တို့မှ မြို့သူမြို့သားအပေါင်း၊နဖူးပေါ်မှဆံပင်တိုညှပ်သူမှန်သမျှ၊ အာရပ်ဘုရင်အပေါင်း၊သဲကန္တာရတွင်နေထိုင်သူလူမျိုးခြားတို့အား အစိုးရသည့်ဘုရင်အပေါင်း၊ဇိမရိပြည်၊ဧလံပြည်နှင့်မေဒိပြည်ဘုရင် အပေါင်းနှင့်မြောက်ဘက်ရှိရပ်နီးရပ်ဝေးမှဘုရင် အပေါင်းတို့ ဖြစ်ကြ၏။ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ နောက်ဆုံးသောက်ရမည့်သူမှာဗာဗုလုန် ဘုရင်ဖြစ်ပေသည်။
36-37. သင်တို့သည်ညည်းတွားအော်ဟစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည်သူတို့၏နိုင်ငံများကို အမျက်တော် ဖြင့်ဖျက်ဆီးကာသူတို့၏ငြိမ်းချမ်းသာ ယာသည့်ပြည်ကိုယိုယွင်းပျက်စီးလျက် နေစေတော်မူလေပြီ။