4. ငါသည်သူတို့အားစောင့်ထိန်းရန်အုပ်ချုပ် သူများခန့်ထားမည်။ ငါ၏လူတို့သည် ကြောက်လန့်တုန်လှုပ်လျက်နေကြရတော့ မည်မဟုတ်။ ငါသည်နောက်တစ်ဖန်သူတို့ အားဒဏ်ခတ်တော့မည်မဟုတ်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
5. ထာဝရဘုရားက``ဒါဝိဒ်၏ဖြောင့်မတ်သော သားမြေးတစ်ဦးကို မင်းအဖြစ်ငါရွေးချယ် ခန့်ထားမည့်အချိန်ဧကန်အမှန်ကျရောက် လာလိမ့်မည်။ ထိုမင်းသည်ပညာဉာဏ်နှင့်အုပ် စိုး၍တိုင်းပြည်တစ်လျှောက်လုံးတွင် အမှန် တရားအတိုင်းတရားမျှတစွာစီရင်လိမ့် မည်။-
6. ထိုမင်းနန်းစံချိန်၌ယုဒပြည်သားတို့သည် ဘေးမဲ့လုံခြုံမှုရှိလျက်၊ ဣသရေလပြည် သားတို့သည်ငြိမ်းချမ်းသာယာစွာနေထိုင် ရကြလိမ့်မည်။ သူတို့သည်ထိုမင်း၏ဘွဲ့ နာမကို``ငါတို့အားကယ်တင်တော်မူသော ထာဝရဘုရား'' ဟူ၍ခေါ်ဆိုသမုတ်ကြ လိမ့်မည်။
7. ထာဝရဘုရားက``လူတို့သည်ငါ့အား ဣသရေလပြည်သားတို့ကို အီဂျစ်ပြည် မှထုတ်ဆောင်လာသည့်အသက်ရှင်တော်မူ သောဘုရားသခင်အဖြစ်ဖြင့် တိုင်တည် ကျိန်ဆိုမှုမပြုကြတော့မည့်အချိန် ကျရောက်လာလိမ့်မည်။-
8. သူတို့သည်ယင်းသို့ကျိန်ဆိုမည့်အစား၊ ငါ့ အားဣသရေလပြည်သားတို့ကိုမြောက် ဘက်ပြည်မှလည်းကောင်း၊ သူတို့အားငါကွဲ လွင့်စေရာအခြားပြည်အပေါင်းမှလည်း ကောင်း ပြန်လည်ခေါ်ဆောင်လာသည့်အသက် ရှင်တော်မူသောဘုရားသခင်အဖြစ်ဖြင့် တိုင်တည်ကျိန်ဆိုကြလိမ့်မည်။ ထိုနောက်သူ တို့သည်မိမိတို့ကိုယ်ပိုင်ပြည်တွင်နေထိုင် ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
9. ပရောဖက်များနှင့်သက်ဆိုင်၍ဤသို့ဆို၏။ငါ၏စိတ်နှလုံးသည်ကြေကွဲလျက်ငါ၏ အရိုးတို့သည်တုန်လှုပ်လျက်ရှိ၏။ထာဝရဘုရား၏အတွက်ကြောင့်လည်း ကောင်း၊ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သည့် ဗျာဒိတ်တော်များကြောင့်လည်းကောင်းငါသည်စပျစ်ရည်သောက်ကြူး၍ ယစ်မူးလျက်နေသူနှင့်တူတော့၏။
10. ငါတို့ပြည်သည်ထာဝရဘုရားအား သစ္စာမဲ့သူများနှင့်ပြည့်နှက်လျက်ရှိ၏။သူတို့သည်မသမာသောအမှုများကို ပြုကျင့်လျက်မိမိတို့တန်ခိုးအာဏာကိုအလွဲသုံးစား ပြုကြ၏။ငါတို့ပြည်သည်ထာဝရဘုရား၏ကျိန်စာသင့်သဖြင့်ငိုကြွေးမြည်တမ်း လျက်၊တိရစ္ဆာန် စားကျက်သည်လည်းခြောက်သွေ့လျက်နေ၏။
11. ထာဝရဘုရားက``ပရောဖက်များနှင့် ယဇ်ပုရောဟိတ်တို့တွင်ဘုရားတရားမရှိ တော့ပြီ။ဗိမာန်တော်ထဲ၌ပင်သူတို့မကောင်းမှုပြု ကျင့် ကြသည်ကိုငါတွေ့မြင်ရ၏။
12. သူတို့လိုက်လျှောက်သည့်လမ်းသည်ချော ကျိကျိနှင့် မှောင်မိုက်၍နေလိမ့်မည်။ငါသည်လည်းသူတို့အားခြေချော်၍လဲ စေမည်။သူတို့အပေါ်သို့ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေမည်။သူတို့အားအပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလ သည် ကျရောက်လာလိမ့်မည်။ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
13. ရှမာရိမြို့မှပရောဖက်များ၏ရွံရှာဖွယ် အဖြစ်ကို ငါတွေ့မြင်ရလေပြီ။သူတို့သည်ဗာလဘုရား၏နာမကိုအမှီ ပြု၍ဟောပြောကာငါ၏လူမျိုးတော်ဣသရေလအား လမ်းလွဲစေကြလေပြီ။
14. သို့ရာတွင်ယေရုရှလင်မြို့မှပရောဖက်များကမူထိုသူတို့ထက်ပင်ပို၍ဆိုးရွားစွာပြုကျင့်ကြ သည်ကို တွေ့မြင်ရ၏။သူတို့သည်သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မုသားကိုပြောဆိုကြ၏။သူတို့ကလူတို့အားအမှားကိုပြုကျင့်ရန် အားပေးကူညီကြသဖြင့်အဘယ်သူမျှမိမိပြုသည့်မကောင်းမှုများ ကို မရပ်စဲကြတော့ပေ။ထိုသူအပေါင်းတို့သည်သောဒုံမြို့သား များနှင့်တူကြ၏။ယေရုရှလင်မြို့သားတို့သည်ဂေါမောရမြို့သူမြို့သားများကဲ့သို့ပင် ဆိုးညစ်ယုတ်မာကြ၏'' ဟုမိန့်တော်မူ၏။