ငါထာဝရဘုရားမိန့်တော်မူသည့်စကား ကိုနားထောင်ကြလော့။ မုသားအပြည့်ပါသည့် မိမိတို့၏အိပ်မက်များအကြောင်းကိုဟော ပြောကြသောပရောဖက်တို့ကိုငါဆန့်ကျင် ဘက်ပြုမည်။ သူတို့သည်ထိုအိပ်မက်များကို လိမ်လည်ကြွားဝါဟောပြောခြင်းအားဖြင့် ငါ ၏လူမျိုးတော်အားလမ်းလွဲစေကြ၏။ ငါ သည်သူတို့အားမစေလွှတ်ခဲ့။ သွားရန်လည်း အမိန့်မပေးခဲ့။ သို့ဖြစ်၍သူတို့သည်လူတို့ အတွက်အဘယ်သို့မျှအကျိုးမပြုကြ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။