ယေ​ရ​မိ 23:21-29 Common Language Bible (BCL)

21. ထာ​ဝ​ရ​ဘု​ရား​က``ဤ​ပ​ရော​ဖက်​တို့​သည် ငါ မ​စေ​လွှတ်​သော်​လည်း​ထွက်​သွား​ကြ​၏။ သူ​တို့ အား​အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ​ငါ​မ​ပေး​သော် လည်း သူ​တို့​သည်​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ဟော​ပြော​ကြ​၏။-

22. အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​လျှို့​ဝှက်​သော အ​ကြံ​အ​စည်​တော်​တို့​ကို​သာ​သိ​ရှိ​ကြ မည်​ဆို​ပါ​မူ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ငါ့​လူ မျိုး​တော်​အား​ဟော​ပြော​ကြေ​ညာ​ကာ သူ​တို့ ၏​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​နှင့်​သူ​တို့​ပြု သည့်​ယုတ်​မာ​မှု​များ​ကို​စွန့်​ပစ်​စေ​နိုင်​ကြ လိမ့်​မည်။

23. ``ငါ​သည်​အ​နီး​၌​သာ​ရှိ​သည်​မ​ဟုတ်။ အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​သော​ဘု​ရား​ဖြစ်​ပေ သည်။-''

24. ငါ​မ​တွေ့​မ​မြင်​နိုင်​သော​အ​ရပ်​တွင်​အ​ဘယ် သူ​မျှ​ပုန်း​ကွယ်​၍​မ​နေ​နိုင်။ ``ငါ​သည်​ကောင်း ကင်​ဘုံ​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​တို့ မ​သိ​ကြ​သ​လော။-''

25. `ငါ​အိပ်​မက်​မက်​သည်၊ ငါ​အိပ်​မက်​မက်​သည်' ဟု မိ​မိ​တို့​အိပ်​မက်​တွင်​ငါ​၏​ဗျာ​ဒိတ်​တော်​ကို ကြား​ရ​ပါ​သည်​ဟု ငါ့​နာ​မ​တော်​ကို​အ​မှီ​ပြု ၍​လိမ်​လည်​ဟော​ပြော​သည့်​ပ​ရော​ဖက်​တို့​၏ စ​ကား​ကို​ငါ​သိ​၏။-

26. ဤ​ပရော​ဖက်​များ​သည်​မိ​မိ​တို့​လုပ်​ကြံ​ပြော ဆို​သည့်​မု​သား​စ​ကား​များ​ဖြင့် ငါ​၏​လူ​မျိုး တော်​အား​အ​ဘယ်​မျှ​ကြာ​ကြာ​ဆက်​လက် လမ်း​လွဲ​စေ​ကြ​မည်​နည်း။-

27. မိ​မိ​တို့​ဘိုး​ဘေး​များ​သည်​ငါ့​ကို​မေ့​လျော့ ကာ ဗာ​လ​ဘု​ရား​ကို​ဆည်း​ကပ်​ခဲ့​ကြ​သ​ကဲ့ သို့​သူ​တို့​သည် မိ​မိ​တို့​ဟော​ပြော​သည့်​အိပ် မက်​များ​က ငါ​၏​လူ​မျိုး​တော်​အား​ငါ့​ကို မေ့​လျော့​စေ​နိုင်​လိမ့်​မည်​ဟု​သူ​တို့​ထင်​မှတ် ကြ​၏။-

28. အိပ်​မက်​ကို​မြင်​မက်​သည့်​ပ​ရော​ဖက်​သည် မိ​မိ မြင်​မက်​သည့်​အ​ရာ​မှာ​အိပ်​မက်​မျှ​သာ​ဖြစ် ကြောင်း​ပြော​ကြား​သင့်​၏။ သို့​ရာ​တွင်​ငါ​၏ ဗျာ​ဒိတ်​တော်​ကို​ကြား​သည့်​ပ​ရော​ဖက်​မူ​ကား ထို​ဗျာ​ဒိတ်​တော်​ကို​သစ္စာ​နှင့်​ပြန်​ကြား​ရ​၏။ ဂျုံ ဆန်​နှင့်​နှိုင်း​စာ​သော်​ကောက်​ရိုး​သည်​အ​ဘယ် မျှ​အ​သုံး​ဝင်​သ​နည်း။-

29. ငါ​၏​ဗျာ​ဒိတ်​တော်​သည်​မီး​နှင့်​တူ​၍​ကျောက် ကို​ထု​ခွဲ​နိုင်​သည့်​တူ​နှင့်​တူ​၏။-

ယေ​ရ​မိ 23