15. သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည် ယေရုရှလင်မြို့မှပရောဖက်များနှင့် ပတ်သက်၍မိန့်တော်မူသည်မှာ``သူတို့အား ဒေါနပင်များကိုငါကျွေးမည်။အဆိပ်ပါသောရေကိုလည်းသောက်စေမည်။အဘယ်ကြောင့်ဆိုသော်သူတို့သည်ပြည်တော် တစ်ဝှမ်းလုံးတွင်၊ဘုရားမဲ့တရားမဲ့သောအမှုများကိုပျံ့နှံ့စေ ကြသောကြောင့်ဖြစ်၏'' ဟူ၍ဖြစ်ပါ၏။
16. အနန္တတန်ခိုးရှင်ထာဝရဘုရားက ယေရု ရှလင်မြို့သူမြို့သားတို့အား``ပရောဖက်များ သည်သင်တို့အားအချည်းနှီးမျှော်လင့်လျက် နေစေကြသည်ဖြစ်၍ သူတို့ဟောပြောသည့် စကားကိုနားမထောင်ကြနှင့်။ သူတို့သည် မိမိတို့စိတ်ထဲထင်မြင်သည့်အရာများကို ဟောပြောကြ၏။ ငါ၏ဗျာဒိတ်တော်ကိုဟော ပြောကြသည်မဟုတ်။-
17. သူတို့သည်ငါ၏စကားကိုနားထောင်ရန်ငြင်း ဆန်သူတို့အား`သင်တို့အဖို့အစစအရာရာ အဆင်ပြေလိမ့်မည်ဟုထာဝရဘုရားမိန့် ဆိုသည်' ဟုအဖန်တစ်လဲလဲဟောပြောကြ၏။ ခေါင်းမာသူအပေါင်းတို့အားလည်း`သင်တို့ အပေါ်သို့အဘယ်အခါ၌မျှဘေးအန္တရာယ် ဆိုးသက်ရောက်လိမ့်မည်မဟုတ်' ဟုဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။
18. ငါက``ဤပရောဖက်များအနက်အဘယ်သူ မျှ ထာဝရဘုရား၏လျှို့ဝှက်သောအကြံ အစည်တော်တို့ကိုသိရှိသည်ဟူ၍မရှိ။ အဘယ်သူမျှကိုယ်တော်၏ဗျာဒိတ်တော် ကိုကြားသည်၊ နားလည်သည်ဟူ၍မရှိကြ။ သူတို့သည်အဘယ်အခါ၌မျှထာဝရ ဘုရားမိန့်တော်မူသောစကားကိုနား မထောင်။ ပမာဏလည်းမပြုကြ။-
19. ကိုယ်တော်၏အမျက်တော်သည်လူယုတ်မာတို့ ၏ဦးခေါင်းထက်တွင်တိုက်ခတ်သည့်လေပြင်း မုန်တိုင်းနှင့်တူ၏။-
20. ထိုအမျက်တော်သည်ကိုယ်တော်ကြံစည်တော် မူသမျှသောအမှုများမပြီးမချင်းပြေ ငြိမ်းလိမ့်မည်မဟုတ်။ ဤအချက်ကိုကိုယ် တော်၏လူမျိုးတော်သည် လာလတ္တံ့သောနေ့ ရက်များ၌သိရှိနားလည်လာကြလိမ့်မည်'' ဟုဆို၏။
21. ထာဝရဘုရားက``ဤပရောဖက်တို့သည် ငါ မစေလွှတ်သော်လည်းထွက်သွားကြ၏။ သူတို့ အားအဘယ်ဗျာဒိတ်ကိုမျှငါမပေးသော် လည်း သူတို့သည်ငါ၏နာမတော်ကိုအမှီ ပြု၍ဟောပြောကြ၏။-
22. အကယ်၍သူတို့သည်ငါ၏လျှို့ဝှက်သော အကြံအစည်တော်တို့ကိုသာသိရှိကြ မည်ဆိုပါမူ ငါ၏ဗျာဒိတ်တော်ကိုငါ့လူ မျိုးတော်အားဟောပြောကြေညာကာ သူတို့ ၏ဆိုးညစ်သည့်အကျင့်များနှင့်သူတို့ပြု သည့်ယုတ်မာမှုများကိုစွန့်ပစ်စေနိုင်ကြ လိမ့်မည်။