1. ကိုယ်တော်၏လူမျိုးတော်အားဖျက်ဆီး၍ကွဲ လွင့်စေသည့်မင်းစိုးရာဇာများအပေါ်သို့ ထာ ဝရဘုရားချမှတ်တော်မူမည့်တရားစီရင် ချက်သည်အဘယ်မျှကြောက်လန့်ဖွယ်ကောင်း လိမ့်မည်နည်း။-
2. ကိုယ်တော်၏လူမျိုးတော်ကိုကြည့်ရှုစောင့် ရှောက်ရမည့်မင်းစိုးရာဇာတို့အား ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားက``သင်တို့သည်ငါ၏လူမျိုးတော် အားမကြည့်ရှုခဲ့၊ ငါ၏လူမျိုးတော်ကို နှင်ထုတ်ကွဲလွင့်စေခဲ့ကြ၏။ ယင်းသို့သင် တို့ပြုသည့်မကောင်းမှုများအတွက်ငါ သည်သင်တို့အားအပြစ်ဒဏ်ခတ်မည်။''-
3. ``ငါသည်ငါ၏လူမျိုးတော်အားကွဲလွင့်စေ ခဲ့သည့်တိုင်းပြည်များမှသိမ်း၍ သူတို့၏ ပြည်သို့ပြန်လည်ပို့ဆောင်မည်။ သူတို့သည် သားသမီးများစွာထွန်းကားလျက်လူ ဦးရေတိုးကြလိမ့်မည်။-
4. ငါသည်သူတို့အားစောင့်ထိန်းရန်အုပ်ချုပ် သူများခန့်ထားမည်။ ငါ၏လူတို့သည် ကြောက်လန့်တုန်လှုပ်လျက်နေကြရတော့ မည်မဟုတ်။ ငါသည်နောက်တစ်ဖန်သူတို့ အားဒဏ်ခတ်တော့မည်မဟုတ်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
5. ထာဝရဘုရားက``ဒါဝိဒ်၏ဖြောင့်မတ်သော သားမြေးတစ်ဦးကို မင်းအဖြစ်ငါရွေးချယ် ခန့်ထားမည့်အချိန်ဧကန်အမှန်ကျရောက် လာလိမ့်မည်။ ထိုမင်းသည်ပညာဉာဏ်နှင့်အုပ် စိုး၍တိုင်းပြည်တစ်လျှောက်လုံးတွင် အမှန် တရားအတိုင်းတရားမျှတစွာစီရင်လိမ့် မည်။-
6. ထိုမင်းနန်းစံချိန်၌ယုဒပြည်သားတို့သည် ဘေးမဲ့လုံခြုံမှုရှိလျက်၊ ဣသရေလပြည် သားတို့သည်ငြိမ်းချမ်းသာယာစွာနေထိုင် ရကြလိမ့်မည်။ သူတို့သည်ထိုမင်း၏ဘွဲ့ နာမကို``ငါတို့အားကယ်တင်တော်မူသော ထာဝရဘုရား'' ဟူ၍ခေါ်ဆိုသမုတ်ကြ လိမ့်မည်။
7. ထာဝရဘုရားက``လူတို့သည်ငါ့အား ဣသရေလပြည်သားတို့ကို အီဂျစ်ပြည် မှထုတ်ဆောင်လာသည့်အသက်ရှင်တော်မူ သောဘုရားသခင်အဖြစ်ဖြင့် တိုင်တည် ကျိန်ဆိုမှုမပြုကြတော့မည့်အချိန် ကျရောက်လာလိမ့်မည်။-