28. ယေရမိက``ယေခေါနိသည် အဘယ်သူမျှ အလိုမရှိ၍စွန့်ပစ်လိုက်သော အိုးကွဲကဲ့ သို့ဖြစ်၍နေပါပြီလော။ ထိုကြောင့်သူနှင့် သူ၏သားသမီးများသည် မိမိတို့မသိ ဘူးသည့်ပြည်သို့အနှင်ခံရကြပါ သလော။''
29. အို ပြည်တော်၊ အို ပြည်တော်၊ အို ပြည်တော်၊ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် လော့။
30. ``ဤသူသည်သားမဲ့သမီးမဲ့သူဟူ၍ အပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီ။အဘယ်အခါ၌မျှမအောင်မြင်သူဟူ၍ဖြစ် လိမ့်မည်။ဒါဝိဒ်မင်းကိုဆက်ခံရန်ယုဒပြည်တွင်စိုးစံ နိုင်မည့် သားမြေးများကိုမရရှိနိုင်ဖြစ်ရလိမ့်မည်။ဤကားငါထာဝရဘုရားမြွက်ဟသည့် စကား ဖြစ်၏'' ဟုမိန့်တော်မူလေပြီ။