ယေ​ရ​မိ 22:1-2-9 Common Language Bible (BCL)

1-2. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ယု​ဒ​နန်း​တော် သို့​သွား​၍ ဒါ​ဝိဒ်​မင်း​၏​သား​မြေး​များ၊ ယု​ဒ ရှင်​ဘု​ရင်​မင်း​ကြီး​နှင့်​အ​တူ​သူ​၏​မှူး​မတ် များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ အား​ပြော​ကြား​ရန် ဤ​သို့​မိန့်​တော်​မူ​သည်​မှာ၊-

3. `ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ဖြောင့် မတ်​မှန်​ကန်​သည့်​အ​မှု​များ​ကို​ပြု​ကျင့်​ကြ ရန်​မှာ​ကြား​၏။ သင်​တို့​သည်​အ​လိမ်​ခံ​ရ​သူ အား​လိမ်​လည်​သူ​၏​ဘေး​မှ​ကာ​ကွယ်​စောင့် ရှောက်​ကြ​လော့။ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ သူ​များ၊ သို့​မ​ဟုတ်​မု​ဆိုး​မ​များ​အား​မ တ​ရား​သည့်​အ​မှု​ကို​လည်း​ကောင်း၊ ညှင်း​ပန်း နှိပ်​စက်​မှု​ကို​လည်း​ကောင်း​မ​ပြု​ကြ​နှင့်။ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​ပြစ်​မဲ့ သူ​တို့​ကို​မ​သတ်​ကြ​နှင့်။-

4. သင်​တို့​သည်​ငါ​ပ​ညတ်​တော်​မူ​သည့်​အ တိုင်း​အ​ကယ်​ပင်​လိုက်​လျှောက်​ပြု​ကျင့်​ကြ မည်​ဆို​ပါ​မူ ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ပလ္လင်​တွင် ထိုင်​လျက်​ရှိ​သော​ဘု​ရင်​တို့​သည် ဆက်​လက် ၍​မင်း​ပြု​ရ​ကြ​လိမ့်​မည်။ ထို့​ပြင်​သူ​တို့ သည်​မိ​မိ​တို့​၏​မှူး​မတ်​များ၊ ပြည်​သူ​များ နှင့်​အ​တူ​မြင်း​ရ​ထား​များ၊ မြင်း​များ​ကို စီး​၍​ဤ​နန်း​တော်​ဝင်း​တံ​ခါး​များ​ကို ဝင်​ထွက်​သွား​လာ​ရ​ကြ​လိမ့်​မည်။-

5. သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ​ပါ​မူ ဤ​နန်း တော်​သည်​ယို​ယွင်း​ပျက်​စီး​၍​သွား​လိမ့်​မည် ဖြစ်​ကြောင်း​သင်​တို့​အား​ကျိန်​ဆို​ပြော​ကြား ၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏​ဟု​မိန့်​တော်​မူ​၏။

6. ``ငါ​၏​အ​ဖို့​ယု​ဒ​ဘု​ရင်​၏​နန်း​တော်​သည် ဂိ​လဒ်​ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင် ထိပ်​ကဲ့​သို့​လည်း​ကောင်း​လှ​ပ​တင့်​တယ်​သော် လည်း ငါ​သည်​ထို​အ​ရပ်​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​သဲ​ကန္တာ​ရ​ဖြစ်​စေ​မည်။

7. ထို​နန်း​တော်​ကို​ဖြို​ဖျက်​ရန် လူ​များ​ကို​ငါ စေ​လွှတ်​မည်။ သူ​တို့​သည်​ပု​ဆိန်​များ​ကို​ယူ ဆောင်​လာ​ပြီး​လျှင် လှ​ပ​သည့်​အာ​ရစ်​တိုင် ကြီး​များ​ကို​ခုတ်​လှဲ​၍​မီး​ထဲ​သို့​ပစ်​ချ ကြ​လိမ့်​မည်။

8. ``ထို​နောက်​လူ​မျိုး​ခြား​အ​များ​ပင် အ​နီး​မှ ဖြတ်​သန်း​သွား​လာ​ကြ​လျက် ဤ​မြို့​တော် ကြီး​ကို​အ​ဘယ်​ကြောင့်​ငါ​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​ဖြို​ဖျက်​စေ​တော်​မူ​ရ​ကြောင်း​ကို သူ တို့​အ​ချင်း​ချင်း​မေး​မြန်း​ကြ​လိမ့်​မည်။-

9. သင်​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ သော ငါ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​စွန့် ပစ်​၍ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​ကြ​သ​ဖြင့် ဤ​သို့​ဖြစ်​ရ​ကြောင်း​ကို လည်း​အ​ချင်း​ချင်း​ပြန်​လည်​ပြော​ကြား ကြ​လိမ့်​မည်။

ယေ​ရ​မိ 22