ယေ​ရ​မိ 22:15-30 Common Language Bible (BCL)

15. သူ​တစ်​ပါး​တို့​၏​အိမ်​ထက်​ပို​မို​ခမ်း​နား အောင်အာ​ရစ်​သား​ဖြင့်​အိမ်​များ​ကို​တည်​ဆောက် နိုင်​ခြင်း​ကြောင့်၊သင်​သည်​ပို​၍​ကောင်း​သော​မင်း​ဖြစ်​ပါ​သ​လော။သင်​၏​ခ​မည်း​တော်​သည်​ပျော်​ရွှင်​စွာ​နေ​ထိုင် လျက် အ​စဉ်​ဖြောင့်​မတ်​၍​တ​ရား​မျှ​တ​၏။သူ​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင်​အောင် မြင်​လေ​သည်။

16. သူ​သည်​ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​၏​အ​မှု​ကို​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​သည်​ဖြစ်​၍အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​လျက်​ရှိ​၏။ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ကျွမ်း​ရ​ခြင်း​၏ အ​ကျိုး​ကျေး​ဇူး​ပင်​ဖြစ်​လေ​သည်။

17. ``သို့​ရာ​တွင်​သင်​မူ​ကား​တစ်​ကိုယ်​ကောင်း​စိတ်​နှင့် မိ​မိ​အ​ကျိုး​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား​၏။အ​ပြစ်​မဲ့​သူ​တို့​ကို​သတ်​ဖြတ်​၍​မိ​မိ​၏ အ​မျိုး​သား တို့​အား​ပြင်း​ပြင်း​ထန်​ထန်​နှိပ်​စက်​ညှင်း​ပန်း​၏။''

18. သို့​ဖြစ်​၍​ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင် ယော​ယ​ကိမ်​နှင့်​ပတ်​သက်​၍ထာ​ဝ​ရ​ဘု​ရား​က​မိန့်​တော်​မူ​သည်​မှာ``သူ​ကွယ်​လွန်​သော​အ​ခါ​၌​ဘယ်​သူ​မျှ ဝမ်း​နည်း ပူ​ဆွေး​မှု​ကို​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။`အို ဖြစ်​ရ​လေ​ခြင်း၊အ​ဆွေ​တော်၊ ဖြစ်​မှ​ဖြစ်​ရ​လေ​ခြင်း' ဟူ​၍အ​ဘယ်​သူ​မျှ​မြည်​တမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။သူ​၏​အ​တွက်​အ​ဘယ်​သူ​မျှ​ငို​ကြွေး​မှု​ကို သော်​လည်း​ကောင်း၊အို အ​ကျွန်ုပ်​၏​သ​ခင်၊အ​ကျွန်ုပ်​၏​ဘု​ရင်​ဟု မြည်​တမ်း​မှု ကို​သော်​လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မဟုတ်။

19. မြည်း​သေ​ကို​မ​သာ​ချသ​ကဲ့​သို့​သူ့​အား​ဆွဲ​ယူ သွား​ကာယေ​ရု​ရှ​လင်​မြို့​တံ​ခါး​ပြင်​သို့​ပစ်​ထုတ်​လိုက်​ကြ လိမ့်​မည်'' ဟူ​၍​ဖြစ်​သည်။

20. ယေ​ရု​ရှ​လင်​မြို့​သား​တို့၊သင်​တို့​၏​မ​ဟာ​မိတ် များ​သည် အ​ရေး​ရှုံး​နိမ့်​ကြ​လေ​ပြီ။သို့​ဖြစ်​၍​သင်​တို့​သည်​လေ​ဗ​နုန်​တောင်​ထိပ်​သို့ တက်​၍ ကြွေး​ကြော်​ကြ​လော့။ဗာ​ရှန်​ပြည်​သို့​သွား​၍​အော်​ဟစ်​ကြ​လော့။မော​ဘ​ပြည်​တောင်​များ​ပေါ်​မှ​အ​သံ​ကို လွှင့်​လော့။

21. သင်​တို့​ကောင်း​စား​စဉ်​အ​ခါ​က​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အား​သ​တိ​ပေး​ခဲ့​၏။သို့​ရာ​တွင်​သင်​တို့​သည်​နား​မ​ထောင်​ခဲ့​ကြ။သင်​တို့​သည်​ငယ်​စဉ်​အ​ခါ​မှ​စ​၍​ဤ အ​တိုင်း​ပင် ပြု​ခဲ့​ကြ​၏။ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​အ​ဘယ်​အ​ခါ​၌​မျှ နား​မ​ထောင်​လို​ကြ။

22. သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​လေ​တွင်​လွင့်​၍ ပါ​သွား​ကြ​လိမ့်​မည်။သင်​တို့​၏​မ​ဟာ​မိတ်​များ​သည်​စစ်​သုံ့​ပန်း​များ အ​ဖြစ် အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။သင်​တို့​ပြု​ကျင့်​ခဲ့​သည့်​မ​ကောင်း​မှု​များ​အ​တွက်သင်​တို့​၏​မြို့​သည်​အ​သ​ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​လိမ့်​မည်။

23. သင်​တို့​သည်​လေ​ဗ​နုန်​တော​မှ​ယူ​ဆောင်​လာ သည့်အာ​ရစ်​ပင်​များ​၏​အ​လယ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ထိုင်​လျက်​ရှိ​ကြ​၏။သို့​ရာ​တွင်​သား​ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့ ဝေ​ဒ​နာ​ခံ​ရ​ကြ​သော​အ​ခါသင်​တို့​သည်​အ​ဘယ်​မျှ​သ​နား​စ​ရာ ကောင်း​လိမ့်​မည်​နည်း။

24. ထာ​ဝ​ရ​ဘု​ရား​သည် ယော​ယ​ကိမ်​၏​သား​ယု​ဒ ဘု​ရင်​ယေ​ခေါ​နိ​အား``အ​ကယ်​၍​သင်​သည်​ငါ ၏​လက်​ယာ​လက်​တွင်​ရှိ​သော​တံ​ဆိပ်​လက်​စွပ်​ပင် ဖြစ်​စေ​ကာ​မူ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ​သင့်​ကို​ဆွဲ​ချ​၍၊-

25. သင်​၏​အ​သက်​ကို​သတ်​လို​သူ​များ၊ သင် ကြောက်​ရွံ့​သူ​များ​၏​လက်​သို့​ပေး​အပ်​မည်။ သင့်​ကို​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ မင်း​နှင့်​သူ​၏​စစ်​သည်​များ​၏​လက်​သို့​ငါ ပေး​အပ်​မည်။-

26. ငါ​သည်​သင်​နှင့်​သင်​၏​မယ်​တော်​အား သင်​တို့ မွေး​ဖွား​ရာ​ဌာ​န​မ​ဟုတ်​သည့်​ပြည်​သို့​နှင် ထုတ်​မည်။ သင်​တို့​သည်​ထို​ပြည်​တွင်​သေ​ရ ကြ​လိမ့်​မည်။-

27. မိ​မိ​တို့​မျှော်​မှန်း​တမ်း​တ​သည့်​ပြည်​သို့ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​လာ​ရ​ကြ လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

28. ယေ​ရ​မိ​က``ယေ​ခေါ​နိ​သည် အ​ဘယ်​သူ​မျှ အ​လို​မ​ရှိ​၍​စွန့်​ပစ်​လိုက်​သော အိုး​ကွဲ​ကဲ့ သို့​ဖြစ်​၍​နေ​ပါ​ပြီ​လော။ ထို​ကြောင့်​သူ​နှင့် သူ​၏​သား​သ​မီး​များ​သည် မိ​မိ​တို့​မ​သိ ဘူး​သည့်​ပြည်​သို့​အ​နှင်​ခံ​ရ​ကြ​ပါ သ​လော။''

29. အို ပြည်​တော်၊ အို ပြည်​တော်၊ အို ပြည်​တော်၊ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင် လော့။

30. ``ဤ​သူ​သည်​သား​မဲ့​သ​မီး​မဲ့​သူ​ဟူ​၍ အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ပြီ။အ​ဘယ်​အ​ခါ​၌​မျှ​မ​အောင်​မြင်​သူ​ဟူ​၍​ဖြစ် လိမ့်​မည်။ဒါ​ဝိဒ်​မင်း​ကို​ဆက်​ခံ​ရန်​ယုဒ​ပြည်​တွင်​စိုး​စံ နိုင်​မည့် သား​မြေး​များ​ကို​မ​ရ​ရှိ​နိုင်​ဖြစ်​ရ​လိမ့်​မည်။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​လေ​ပြီ။

ယေ​ရ​မိ 22