ယုဒပြည်သူတို့၊ယောရှိမင်းအတွက်သင်တို့ မငိုကြွေးကြနှင့်။သူကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေးမှု မပြုကြနှင့်။သို့ရာတွင်သူ၏သားတော်ယောခတ်အတွက် ပြင်းပြစွာငိုကြွေးကြလော့။ရန်သူတို့သည်သူ့အားအပြီးအပိုင် ခေါ်ဆောင်သွားကြလိမ့်မည်။သူသည်မိမိမွေးဖွားရာအရပ်ကိုနောင်အဘယ်အခါ၌မျှပြန်လည်တွေ့မြင် ရတော့မည်မဟုတ်။