ယေ​ရ​မိ 21:9-14 Common Language Bible (BCL)

9. ဤ​မြို့​တွင်​ရှိ​နေ​သူ​မှန်​သ​မျှ​သည်​စစ်​ပွဲ တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဖြင့် သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး​ဖြင့် သော်​လည်း​ကောင်း​သေ​ရ​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​မြို့​ပြင်​သို့​ထွက်​၍​ယ​ခု​ဝိုင်း​ရံ​တိုက် ခိုက်​လျက်​နေ​သော​ဗာ​ဗု​လုန်​ပြည်​သား​တို့ အား လက်​နက်​ချ​သူ​တို့​မူ​ကား​သေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။ ယုတ်​စွ​အ​ဆုံး​အ​သက် ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။-

10. ငါ​သည်​ဤ​မြို့​ကို​ချမ်း​သာ​မ​ပေး​ဘဲ​ဖျက် ဆီး​ပစ်​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ​ပြီ။ ယင်း ကို​ဗာ​ဗု​လုန်​မင်း​၏​လက်​သို့​ပေး​အပ်​လိုက် မည်​ဖြစ်​၍ သူ​သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့ ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

13. အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​လွင်​ပြင်​ပေါ်​မှ ကျောက်​ဆောင်​ကြီး​သ​ဖွယ်​ချိုင့်​ဝှမ်း​များ​အ ထက်​တွင်​မြင့်​မား​စွာ​ရပ်​တည်​လျက်​ရှိ​၏။ သို့ သော်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​တိုက် ခိုက်​တော်​မူ​မည်။ သင်​သည်​မိ​မိ​အား​အ​ဘယ် သူ​မျှ​မ​တိုက်​မ​ခိုက်​နိုင်။ သင်​၏​ခံ​တပ်​များ ကို​လည်း​မ​ဖြို​မ​ခွင်း​နိုင်​ဟု​ဆို​ချေ​သည်။-

14. သို့​ရာ​တွင်​ငါ​သည်​သင်​ပြု​ခဲ့​သည့်​အ​မှု များ​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ ငါ​သည်​သင်​၏​နန်း​တော်​ကို​မီး​သင့်​လောင် စေ​မည်။ ထို​မီး​သည်​နီး​နား​ပတ်​လည်​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ကျွမ်း​လောင်​သွား​စေ လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက် ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ယေ​ရ​မိ 21