ယေ​ရ​မိ 21:3-10 Common Language Bible (BCL)

3. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရ​မိ​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ယေ​ရ​မိ​သည်​မိ​မိ ထံ​သို့​ရောက်​သည့်​လူ​တို့​ကို​ဇေ​ဒ​ကိ​အား ဆင့်​ဆို​စေ​၏။-

4. ``ငါ​သည်​မြို့​ရိုး​ကို​ဝိုင်း​ရံ​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက်​ခိုက်​ရန် ဇေ​ဒ​ကိ​အ​သုံး​ပြု​လျက်​ရှိ​သည့်​လက်​နက် တို့​ကို​ဆုံး​ရှုံး​စေ​မည်။ ထို​နောက်​သူ​တို့ ကို​မြို့​လယ်​တွင်​စု​ဝေး​စေ​မည်။-

5. ငါ​ကိုယ်​တော်​တိုင်​မိ​မိ​၏​လက်​ရုံး​တော်​တန် ခိုး​စွမ်း​အင်​ရှိ​သ​မျှ​နှင့် ဒေါ​သ​အ​မျက် ချောင်း​ချောင်း​ထွက်​လျက်​သင်​တို့​ကို​တိုက် ခိုက်​တော်​မူ​မည်။-

6. ဤ​မြို့​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကို​သုတ် သင်​ပယ်​ရှင်း​မည်။ လူ​နှင့်​တိ​ရစ္ဆာန်​များ​သည် ကြောက်​မက်​ဖွယ်​ရာ​အ​နာ​ရော​ဂါ​ဘေး ဖြင့်​သေ​ကြ​လိမ့်​မည်။-

7. စစ်​မက်​အန္တ​ရာယ်၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​ဖြင့်​မ​သေ ဘဲ ကျန်​ရှိ​နေ​သူ​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏ မှူး​မတ်​များ​နှင့်​ပြည်​သူ​တို့​ကို​မူ​ကား မိ​မိ တို့​ကို​သတ်​လို​သူ​ရန်​သူ​များ​နှင့်​နေ​ဗု​ခဒ် နေ​ဇာ​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​စေ​မည်။ နေ ဗု​ခဒ်​နေ​ဇာ​သည်​လည်း​သူ​တို့​အား​ကွပ်​မျက် စေ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​အ​သက်​ချမ်း သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သူ​ကို​မျှ သ​နား​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

8. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က လူ​တို့​အား ပြော​ကြား​စေ​သည်​မှာ``နား​ထောင်​လော့၊ ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ရွေး​ချယ်​နိုင် ရန်​အ​တွက်​အ​သက်​ရှင်​ရာ​လမ်း​နှင့် အ​သက် သေ​ရာ​လမ်း​ကို​ဖွင့်​ပြ​ထား​မည်​ဖြစ် ကြောင်း​ပြော​ကြား​လော့။-

9. ဤ​မြို့​တွင်​ရှိ​နေ​သူ​မှန်​သ​မျှ​သည်​စစ်​ပွဲ တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဖြင့် သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး​ဖြင့် သော်​လည်း​ကောင်း​သေ​ရ​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​မြို့​ပြင်​သို့​ထွက်​၍​ယ​ခု​ဝိုင်း​ရံ​တိုက် ခိုက်​လျက်​နေ​သော​ဗာ​ဗု​လုန်​ပြည်​သား​တို့ အား လက်​နက်​ချ​သူ​တို့​မူ​ကား​သေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။ ယုတ်​စွ​အ​ဆုံး​အ​သက် ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။-

10. ငါ​သည်​ဤ​မြို့​ကို​ချမ်း​သာ​မ​ပေး​ဘဲ​ဖျက် ဆီး​ပစ်​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ​ပြီ။ ယင်း ကို​ဗာ​ဗု​လုန်​မင်း​၏​လက်​သို့​ပေး​အပ်​လိုက် မည်​ဖြစ်​၍ သူ​သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့ ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

ယေ​ရ​မိ 21