ယေ​ရ​မိ 2:30-34 Common Language Bible (BCL)

30. ``ငါ​သည်​သင်​တို့​ကို​ဆုံး​မ​ပါ​သော်​လည်း အ​ကျိုး​မ​ရှိ။ သင်​တို့​သည်​ပဲ့​ပြင်​သွန်​သင်​မှု​ကို လက်​မ​ခံ​လို​ကြ။ အ​မျက်​ပြင်း​စွာ​ထွက်​သည့် ခြင်္သေ့​သ​ဖွယ် သင်​တို့​သည်​မိ​မိ​တို့​ပ​ရော​ဖက် များ​ကို​သတ်​ဖြတ်​ကြ​လေ​ပြီ။-

31. ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ငါ သည်​သင်​တို့​အ​ဖို့​တော​ကန္တာ​ရ​ကဲ့​သို့​လည်း ကောင်း၊ မှောင်​အ​တိ​လွှမ်း​နေ​သည့်​ပြည်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​၍​နေ​လေ​ပြီ​လော။ ယင်း​သို့ မ​ဟုတ်​ပါ​မူ​သင်​တို့​သည်​အ​ဘယ်​ကြောင့် ထင်​သ​လို​ပြု​ကျင့်​ကာ ငါ့​ထံ​သို့​အ​ဘယ် အ​ခါ​မျှ​ပြန်​မ​လာ​ဘဲ​နေ​တော့​မည်​ဟု ဆို​ကြ​သ​နည်း။-

32. မိန်း​မ​ပျို​သည်​မိ​မိ​၏​ကျောက်​မျက်​ရ​တ​နာ များ​ကို​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့ သ​မီး​သည်​မိ​မိ​၏​မင်္ဂ​လာ​ဆောင်​ဝတ်​စုံ​ကို လည်း​ကောင်း​မေ့​လျော့​တတ်​ပါ​သ​လော။ သို့ ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား​မ​ရေ မ​တွက်​နိုင်​သော​နေ့​ရက်​များ​တွင်​ငါ့​ကို မေ့​လျော့​ကြ​လေ​ပြီ။-

33. သင်​တို့​သည်​မိ​မိ​တို့​ချစ်​သူ​များ​ကို​အ​မှန် ပင်​လိုက်​၍​ရှာ​တတ်​ကြ​၏။ ဆိုး​ညစ်​သည့်​အ​မျိုး သ​မီး​များ​ကို​ပင်​သင်​တို့​၏​အ​ကျင့်​ကို​သင် ပေး​နိုင်​ကြ​၏။-

34. ဖောက်​ထွင်း​ခိုး​ယူ​မှု​အ​တွက်​သင်​တို့​ဖမ်း​မ​မိ သော်​လည်း ထို​ဆင်း​ရဲ​သား​များ၊ အ​ပြစ်​မဲ့​သူ များ​၏​သွေး​နှင့် သင်​တို့​၏​အ​ဝတ်​များ​သည် စွန်း​ကွက်​လျက်​ရှိ​၏။``သို့​ပါ​လျက်

ယေ​ရ​မိ 2