ယေ​ရ​မိ 2:21-28 Common Language Bible (BCL)

21. ငါ​သည်​လက်​ရွေး​စင်​မျိုး​စေ့​မှ​စ​ပျစ်​နွယ်​ကို ငါ​စိုက်​ပျိုး​ခဲ့​၏။သို့​ရာ​တွင်​သင်​အ​ဘယ်​သို့​ဖြစ်​လာ​ကြ သည်​ကို​ကြည့်​ရှု​လော့။သင်​သည်​ပုပ်​၍​အ​သုံး​မ​ဝင်​သည့်​စ​ပျစ်​ပင်​နှင့် တူ​နေ​ပါ​သည်​တ​ကား။

22. အ​ကယ်​၍​သင်​တို့​သည်​ဆပ်​ပြာ​နှင့်​အ​စွန်း​ချွတ် ဆေး အ​မြောက်​အမြား​ကို​အ​သုံး​ပြု​မည်​ဆို​သော်​လည်း၊သင်​တို့​၏​အ​ပြစ်​သည်​ငါ​၏​ရှေ့​၌ ထင်​ရှား​လျက်​ပင်​ရှိ​မည်။

23. သင်​တို့​သည်​ဗာ​လ​ဘု​ရား​ကို​အ​ဘယ်​အ​ခါ​က​မျှ ဝတ်​မ​ပြု​ရှိ​မ​ခိုး​ခဲ့​ပါ၊မိ​မိ​တို့​ကိုယ်​ကို​မ​ညစ်​ညမ်း​စေ​ခဲ့​ပါ​ဟူ​၍ အ​ဘယ်​သို့​လျှင်​ဆို​နိုင်​မည်​နည်း။ချိုင့်​ဝှမ်း​ထဲ​တွင်​သင်​တို့​အ​ဘယ်​သို့ အ​ပြစ် ကူး​လွန်​ခဲ့​သည်​ကို​ကြည့်​လော့။သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​သိ​မှတ်​လော့။သင်​သည်​မုန်​ယို​လျက်​နေ​သည့်​ကု​လား​အုတ် ပျို​ကဲ့​သို့၊အ​ချုပ်​အ​ချယ်​မ​ရှိ​ဟို​မှ​သည်​သို့​ပြေး လျက်​နေ​၏။

24. သင်​သည်​တော​ကန္တာ​ရ​တွင်​နေ​သည့် မြည်း​ရိုင်း​မ​နှင့်​တူ​၏။မိတ်​လိုက်​ချိန်​ကျ​သော​အ​ခါ၊ သူ့​အား အ​ဘယ်​သူ​တား​ဆီး​နိုင်​သနည်း။သူ့​ကို​အ​လို​ရှိ​သူ​မြည်း​ထီး​မှန်​သ​မျှ​သည် အ​ပင်​ပန်း​ခံ​၍​ရှာ​နေ​ရန်​မ​လို။မိတ်​လိုက်​ချိန်​၌​သူ့​အား​အ​စဉ်​တွေ့​ရှိ​နိုင်​လေ​သည်။

25. အို ဣ​သ​ရေ​လ၊အ​ခြား​ဘု​ရား​များ​သို့ လိုက်​ပြေး​ခြင်း​အား​ဖြင့်သင်​၏​ခြေ​၌​ဖိ​နပ်​မ​ကျွတ်​စေ​နှင့်။သင်​၏​အာ​ခေါင်​ကို​သော်​လည်း​မ​ခြောက်​စေ​နှင့်။သို့​ရာ​တွင်​သင်​က`အ​ကျွန်ုပ်​သည်​လူ​မျိုး​ခြား ဘု​ရား​များ​ကို​ချစ်​၍၊သူ​တို့​၏​နောက်​သို့​ပင်​လိုက်​ပါ​တော့​မည်' ဟု​ဆို​၏။

26. အ​ဖမ်း​ခံ​ရ​ချိန်​၌ သူ​ခိုး​သည်​အ​ရှက်​ကွဲ​ရ သ​ကဲ့​သို့ သင်​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း​သား များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ၊ သင် တို့​ဣ​သ​ရေ​လ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ရ​ကြ​လိမ့်​မည်။-

27. သစ်​ပင်​အား`အ​ရှင်​သည်​အ​ကျွန်ုပ်​အ​ဖ​ဖြစ်​ပါ သည်' ဟူ​၍​လည်း​ကောင်း၊ ကျောက်​တုံး​အား`အ​ရှင် သည်​အ​ကျွန်ုပ်​အ​မိ​ဖြစ်​ပါ​သည်' ဟူ​၍​လည်း ကောင်း​သင်​တို့​ပြော​ဆို​ကြ​၏။ သင်​တို့​သည်​ငါ ၏​ဘက်​သို့​မ​လှည့်၊ ငါ့​အား​ကျော​ခိုင်း​၍​သွား ကြ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ဘေး​အန္တ​ရာယ် တွေ့​သော​အ​ခါ​၌​မူ​ကား၊ ငါ့​အား​ကြွ​လာ တော်​မူ​၍​သင်​တို့​ကို​ကူ​မ​တော်​မူ​ရန်​လျှောက် ထား​ကြ​၏။

28. ``မိ​မိ​တို့​အ​တွက်​သင်​တို့​ပြု​လုပ်​ထား​သည့် ဘု​ရား​များ​ကား​အ​ဘယ်​မှာ​နည်း။ သင်​တို့​ဒုက္ခ ရောက်​ချိန်​ထို​ဘု​ရား​များ​ကယ်​နိုင်​လျှင်​ကယ် စေ​ကြ​လော့။ အို ယု​ဒ​ပြည်၊ သင်​၏​မြို့​တို့​သည် များ​ပြား​သ​ကဲ့​သို့ သင်​ပြု​လုပ်​သော​ဘု​ရား တို့​သည်​လည်း​များ​ပြား​လှ​ပါ​သည်​တ​ကား။-

ယေ​ရ​မိ 2