ယေ​ရ​မိ 2:1-11 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-

2. ``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ထို​မြို့ တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​အား​ဤ​သ​တင်း စ​ကား​ကို​ပြန်​ကြား​လော့။''သင်​တို့​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​အ​ဘယ်​သို့ သစ္စာ​ရှိ​ခဲ့​ကြ​သည်​ကို​ငါ​သ​တိ​ရ​၏။သင်​သည်​သ​တို့​သ​မီး​ကဲ့​သို့​ငါ့​ကို​ချစ်​ခဲ့​၏။သင်​တို့​သည်​စိုက်​ပျိုး​ခြင်း​မ​ရှိ​သောတော​ကန္တာ​ရ​တစ်​လျှောက်​လုံး​ကို​ဖြတ်​၍ ငါ​၏​အ​နောက်​သို့​လိုက်​ခဲ့​ကြ​၏။

3. အို ဣ​သ​ရေ​လ​အ​မျိုး​တို့၊သင်​တို့​ကို ငါ​တစ်​ဦး​တည်း​သာ​လျှင်​ပိုင်​တော်​မူ​၏။သင်​တို့​သည်​ငါ​ပိုင်​သော​အ​မြတ်​ထား​ရာ ဖြစ်​၏။ငါ​သည်​သင်​တို့​ကို​ထိ​ခိုက်​နာ​ကျင်​စေ​သူ အ​ပေါင်း​အား ဘေး​အန္တ​ရာယ်​နှင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​ခဲ့​၏။ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း။''

4. အ​ချင်း​ယာ​ကုပ်​၏​သား​မြေး၊ ဣ​သ​ရေ​လ အ​နွယ်​ဝင်​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ် တော်​ကို​နား​ထောင်​ကြ​လော့။

5. ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``ငါ​၌​အ​ဘယ်​အ​ပြစ်​ကို​တွေ့​ရှိ​၍​သင်​တို့​၏ ဘိုး​ဘေး​တို့​သည်​ငါ့​ထံ​မှ​ထွက်​သွား​ကြ​သ​နည်း။သူ​တို့​သည်​တန်​ဖိုး​မ​ရှိ​သော​ရုပ်​တု​များ​ကို ဝတ်​ပြု​ရှိ​ခိုး​၍မိ​မိ​တို့​ကိုယ်​တိုင်​ပင်​တန်​ဖိုး​မဲ့​လာ​ကြ​၏။

6. ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ် ကာတော​ကန္တာ​ရ​တစ်​လျှောက်​လုံး၊သဲ​ကန္တာ​ရ​များ၊ မြေ​တွင်း​များ​နှင့်​ပြည့်​နှက်​လျက်​နေ​သော​ပြည်၊ခြောက်​ကပ်​၍​ဘေး​အန္တ​ရာယ်​များ​သော​ပြည်၊ လူ​သူ​ဆိတ်​ညံ​လျက်ခ​ရီး​သည်​မ​ရှိ​သည့်​ပြည်​ကို​ဖြတ်​၍လမ်း​ပြ​ပို့​ဆောင်​ပေး​ခဲ့​သော်​လည်း​သူ​တို့​သည် ငါ့​ကို​ဂ​ရု​မ​စိုက်​ကြ။

7. ငါ​သည်​သူ​တို့​အား​မြေ​သြ​ဇာ​ကောင်း​မွန်​သော ပြည်​သို့​အ​သီး​အ​နှံ​နှင့်အ​ခြား​မွန်​မြတ်​သည့်​အ​စား​အ​စာ​များ​ကို စား​သောက်​စေ​ရန်​ခေါ်​ဆောင်​ခဲ့​၏။သို့​ရာ​တွင်​သူ​တို့​သည်​ငါ့​ပြည်​ကို​ဖျက်​ဆီး​ပစ်​ကြ​၏။သူ​တို့​အား​ငါ​ပေး​သည့်​ပြည်​ကို​ညစ်​ညမ်း​စေ​ကြ​၏။

8. ယဇ်​ပု​ရော​ဟိတ်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​ပါ​သ​နည်း' ဟု​မ​မေး​ကြ။ငါ​၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ငါ့​ကို​မ​သိ။ အုပ်​ချုပ်​သူ​တို့​သည်​ငါ့​ကို​ပုန်ကန်​ကြ​၏။ပ​ရော​ဖက်​တို့​က​ဗာ​လ​ဘု​ရား​၏​အ​မည်​နာ​မ​ကို တိုင်​တည်​ပြော​ဆို​ကာအ​သုံး​မ​ဝင်​သည့်​ရုပ်​တု​များ​ကို​ဝတ်​ပြု ရှိ​ခိုး​ကြ​၏။

9. ``သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အား တစ်​ဖန်​တ​ရား​စွပ်​စွဲ​မည်။သူ​တို့​၏​သား​မြေး​များ​အား​လည်းစွပ်​စွဲ​ချက်​တင်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။

10. ခိတ္တိမ်​ကျွန်း​ရှိ​ရာ​အ​နောက်​ဘက်​သို့​သွား​လော့။ကေ​ဒါ​ပြည်​သို့​လူ​လွှတ်​၍​ကြည့်​ရှု​စေ​ကြ​လော့။ယ​ခု​အ​မှု​မျိုး​ကို​အ​ဘယ်​အ​ခါ​က​မျှ မ​ဖြစ်​ပျက်​ခဲ့​ဘူး​သည်​ကို​သိ​မြင်​ရ​လိမ့်​မည်။

11. မိ​မိ​တို့​၏​ဘု​ရား​များ​သည်​မ​စစ်​မ​မှန်​သော ဘု​ရား​များ​ပင်​ဖြစ်​၍​နေ​စေ​ကာ​မူအ​ဘယ်​လူ​မျိုး​သည်​ဘု​ရား​များ​ကို​ပြောင်း​လဲ ၍ ကိုး​ကွယ်​ပါ​သ​နည်း။သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား မိ​မိ​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သည့်ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ငါ့​အား​သူ​တို့​ကို​မ​ကူ​ညီ​နိုင်​သည့်​ဘု​ရား များ​နှင့် လဲ​လှယ်​လိုက်​ကြ​လေ​ပြီ။

ယေ​ရ​မိ 2