6. သို့ဖြစ်၍ဤအရပ်သည်တောဖက်ဟူ၍မခေါ်၊ ဟိန္နုံချိုင့်ဝှမ်းဟူ၍မခေါ်၊ ကွပ်မျက်ရာချိုင့်ဟူ ၍ခေါ်ရမည့်အချိန်ကျရောက်လာလိမ့်မည် ကို သတိပြုကြလော့ဟုထာဝရဘုရား မိန့်တော်မူ၏။-
7. ငါသည်ဤအရပ်တွင်ယုဒပြည်သားများ နှင့် ယေရုရှလင်မြို့သားများ၏အကြံအစည် မှန်သမျှကိုပျက်ပြားစေတော်မူမည်။ သူတို့ ကိုအသက်ရန်ရှာသူတို့လက်သို့အပ်၍စစ်ပွဲ တွင်ကျဆုံးစေတော်မူမည်။ သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲတို့၏ အစာဖြစ်ရလိမ့်မည်။-
8. ငါသည်ဤမြို့အပေါ်သို့အလွန်ဆိုးရွားသည့် ဘေးအန္တရာယ်ကိုသက်ရောက်စေမည်ဖြစ်၍ အနီး မှဖြတ်သန်းသွားလာသူတို့သည် ထိုမြို့၏ဖြစ် အင်ကိုမြင်၍ကဲ့ရဲ့ကြလိမ့်မည်။ စိတ်ထိခိုက် လျက်အံ့သြတွေဝေသွားကြလိမ့်မည်။-
9. ရန်သူတို့သည်မြို့ကိုဝိုင်းရံတိုက်ခိုက်ကာ သူ တို့အားသတ်ဖြတ်ရန်ကြိုးစားကြလိမ့်မည်။ သူတို့သည်အချင်းချင်းတစ်ယောက်ကိုတစ် ယောက်စားကြလိမ့်မည်။ မိမိတို့သားသမီး များကိုပင်စားကြလိမ့်မည်'' ဟုဆင့်ဆို ပြောကြားရန်ငါ့အားမိန့်တော်မူ၏။
10. ထိုနောက်ထာဝရဘုရားသည် ငါ့ကိုမိမိ နှင့်အတူလိုက်ပါလာသူတို့၏ရှေ့တွင်အိုး ကိုခွဲစေတော်မူပြီးလျှင်၊-
11. သူတို့အားအနန္တတန်ခိုးရှင်ထာဝရ ဘုရားက``ဤအိုးကိုပြန်၍ဆက်စပ်မရ နိုင်အောင်ခွဲလိုက်သကဲ့သို့ ငါသည်ဤလူ များနှင့်ဤမြို့ကိုငါခွဲတော်မူမည်။ တော ဖက်မြို့တွင်မြေမြှုပ်စရာနေရာမရှိသည့် တိုင်အောင်လူတို့သည်ထိုသူတို့၏အလောင်း များကိုသင်္ဂြိုဟ်ရကြလိမ့်မည်။-
12. ဤမြို့နှင့်ဤမြို့တွင်နေထိုင်သူတို့ကို တောဖက်မြို့ကဲ့သို့ဖြစ်စေမည်'' ဟုထာဝရ ဘုရားမိန့်တော်မူ၏။-
13. ``ယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် တို့၏နန်းတော်များ မိမိတို့အမိုးပေါ်တွင် ကြယ်နက္ခတ်များအားနံ့သာပေါင်းဖြင့်မီးရှို့ ပူဇော်ရာအိမ်များနှင့်အခြားဘုရားများ အား စပျစ်ရည်ပူဇော်သကာသွန်းလောင်း ကြသည့်အိမ်မှန်သမျှတို့သည်တောဖက်မြို့ ကဲ့သို့ မသန့်စင်သည့်အရပ်များဖြစ်ရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
14. ထိုနောက်ငါသည်ဗျာဒိတ်တော်ကိုပြန်ကြား ရန် ထာဝရဘုရားစေလွှတ်တော်မူရာတောဖက် အရပ်မှထွက်ခွာ၍ ဗိမာန်တော်တံတိုင်းအတွင်း ရပ်ပြီးလျှင်လူအပေါင်းတို့အား၊-
15. ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်ခေါင်းမာ၍ငါပြောသည့်စကားကိုနား မထောင်ကြ။ သို့ဖြစ်၍ဤမြို့နှင့်အနီးအနား ရှိမြို့အပေါင်းတို့အား ယခင်ငါဖော်ပြခဲ့ သည့်အတိုင်းပြစ်ဒဏ်စီရင်တော်မူမည်'' ဟု မိန့်တော်မူကြောင်းသူတို့အားဆင့်ဆို၏။