ယေ​ရ​မိ 19:4-11 Common Language Bible (BCL)

4. အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တို့​သည်​ငါ့​ကို​စွန့် ပစ်​ကာ မိ​မိ​တို့​ကိုယ်​တိုင်​မိ​မိ​တို့​ဘိုး​ဘေး​များ နှင့်​ယု​ဒ​ဘု​ရင်​များ​မ​သိ​ဘူး​သည့်​အ​ခြား ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော်​ခြင်း​ဖြင့် ဤ​ဌာ​န တော်​ကို​ညစ်​ညမ်း​စေ​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ဤ​ဌာ​န​ကို​အ​ပြစ်​မဲ့​သူ​တို့​၏ အ​သွေး​ဖြင့်​ပြည့်​စေ​လျက်၊-

5. မိ​မိ​တို့​သား​သ​မီး​များ​အား​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ပူ​ဇော်​ရန် ဗာ​လ​ဘု​ရား​အ​တွက်​မြင့် သော​အ​ရပ်​၌​ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက် ကြ​လေ​ပြီ။ သူ​တို့​သား​သ​မီး​များ​ကို​ဤ သို့​ဗာ​လ​ဘု​ရား​အား​မီး​ရှို့​ပူ​ဇော်​စေ​ရန် ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​မိန့်​မ​ပေး ခဲ့၊ မ​ပြော​ကြား​ခဲ့၊ စိတ်​မ​ကူး​ခဲ့။-

6. သို့​ဖြစ်​၍​ဤ​အ​ရပ်​သည်​တော​ဖက်​ဟူ​၍​မ​ခေါ်၊ ဟိန္နုံ​ချိုင့်​ဝှမ်း​ဟူ​၍​မ​ခေါ်၊ ကွပ်​မျက်​ရာ​ချိုင့်​ဟူ ၍​ခေါ်​ရ​မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည် ကို သ​တိ​ပြု​ကြ​လော့​ဟု​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။-

7. ငါ​သည်​ဤ​အ​ရပ်​တွင်​ယု​ဒ​ပြည်​သား​များ နှင့် ယေ​ရု​ရှ​လင်​မြို့​သား​များ​၏​အ​ကြံ​အ​စည် မှန်​သ​မျှ​ကို​ပျက်​ပြား​စေ​တော်​မူ​မည်။ သူ​တို့ ကို​အ​သက်​ရန်​ရှာ​သူ​တို့​လက်​သို့​အပ်​၍​စစ်​ပွဲ တွင်​ကျ​ဆုံး​စေ​တော်​မူ​မည်။ သူ​တို့​၏​အ​လောင်း များ​သည်​ငှက်​များ​နှင့်​တော​သား​ရဲ​တို့​၏ အ​စာ​ဖြစ်​ရ​လိမ့်​မည်။-

8. ငါ​သည်​ဤ​မြို့​အ​ပေါ်​သို့​အ​လွန်​ဆိုး​ရွား​သည့် ဘေး​အန္တ​ရာယ်​ကို​သက်​ရောက်​စေ​မည်​ဖြစ်​၍ အ​နီး မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​သည် ထို​မြို့​၏​ဖြစ် အင်​ကို​မြင်​၍​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ စိတ်​ထိ​ခိုက် လျက်​အံ့​သြ​တွေ​ဝေ​သွား​ကြ​လိမ့်​မည်။-

9. ရန်​သူ​တို့​သည်​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကာ သူ တို့​အား​သတ်​ဖြတ်​ရန်​ကြိုး​စား​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​စား​ကြ​လိမ့်​မည်။ မိ​မိ​တို့​သား​သ​မီး များ​ကို​ပင်​စား​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို ပြော​ကြား​ရန်​ငါ့​အား​မိန့်​တော်​မူ​၏။

10. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မိ​မိ နှင့်​အ​တူ​လိုက်​ပါ​လာ​သူ​တို့​၏​ရှေ့​တွင်​အိုး ကို​ခွဲ​စေ​တော်​မူ​ပြီး​လျှင်၊-

11. သူ​တို့​အား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​က``ဤ​အိုး​ကို​ပြန်​၍​ဆက်​စပ်​မ​ရ နိုင်​အောင်​ခွဲ​လိုက်​သ​ကဲ့​သို့ ငါ​သည်​ဤ​လူ များ​နှင့်​ဤ​မြို့​ကို​ငါ​ခွဲ​တော်​မူ​မည်။ တော ဖက်​မြို့​တွင်​မြေ​မြှုပ်​စ​ရာ​နေ​ရာ​မ​ရှိ​သည့် တိုင်​အောင်​လူ​တို့​သည်​ထို​သူ​တို့​၏​အ​လောင်း များ​ကို​သင်္ဂြိုဟ်​ရ​ကြ​လိမ့်​မည်။-

ယေ​ရ​မိ 19