2. အိုးကွဲမြို့တံခါးကိုဖြတ်၍ပင်ဟိန္နုံချိုင့်ဝှမ်း သို့သွားရောက်ရန်မှာကြားတော်မူ၏။ ထိုအရပ် တွင် ငါသည်ထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ကိုဆင့်ဆိုရန်ဖြစ်၏။-
3. ထာဝရဘုရားက``ယုဒဘုရင်များနှင့် ယေရုရှလင်မြို့သားတို့၊ ဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်၊ ငါ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် ကြလော့။ ငါသည်ကြားသိရသူတို့ထိတ်လန့် သည်တိုင်အောင်ဆိုးရွားသည့်ဘေးအန္တရာယ် ကိုဤအရပ်သို့သက်ရောက်စေတော်မူမည်။-
4. အဘယ်ကြောင့်ဆိုသော်လူတို့သည်ငါ့ကိုစွန့် ပစ်ကာ မိမိတို့ကိုယ်တိုင်မိမိတို့ဘိုးဘေးများ နှင့်ယုဒဘုရင်များမသိဘူးသည့်အခြား ဘုရားများကိုယဇ်ပူဇော်ခြင်းဖြင့် ဤဌာန တော်ကိုညစ်ညမ်းစေကြသောကြောင့်ဖြစ်၏။ သူတို့သည်ဤဌာနကိုအပြစ်မဲ့သူတို့၏ အသွေးဖြင့်ပြည့်စေလျက်၊-
5. မိမိတို့သားသမီးများအားမီးရှို့ရာယဇ် အဖြစ်ပူဇော်ရန် ဗာလဘုရားအတွက်မြင့် သောအရပ်၌ယဇ်ပလ္လင်များကိုတည်ဆောက် ကြလေပြီ။ သူတို့သားသမီးများကိုဤ သို့ဗာလဘုရားအားမီးရှို့ပူဇော်စေရန် ငါသည်အဘယ်အခါ၌မျှအမိန့်မပေး ခဲ့၊ မပြောကြားခဲ့၊ စိတ်မကူးခဲ့။-