12. ဤမြို့နှင့်ဤမြို့တွင်နေထိုင်သူတို့ကို တောဖက်မြို့ကဲ့သို့ဖြစ်စေမည်'' ဟုထာဝရ ဘုရားမိန့်တော်မူ၏။-
13. ``ယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် တို့၏နန်းတော်များ မိမိတို့အမိုးပေါ်တွင် ကြယ်နက္ခတ်များအားနံ့သာပေါင်းဖြင့်မီးရှို့ ပူဇော်ရာအိမ်များနှင့်အခြားဘုရားများ အား စပျစ်ရည်ပူဇော်သကာသွန်းလောင်း ကြသည့်အိမ်မှန်သမျှတို့သည်တောဖက်မြို့ ကဲ့သို့ မသန့်စင်သည့်အရပ်များဖြစ်ရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
14. ထိုနောက်ငါသည်ဗျာဒိတ်တော်ကိုပြန်ကြား ရန် ထာဝရဘုရားစေလွှတ်တော်မူရာတောဖက် အရပ်မှထွက်ခွာ၍ ဗိမာန်တော်တံတိုင်းအတွင်း ရပ်ပြီးလျှင်လူအပေါင်းတို့အား၊-
15. ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်ခေါင်းမာ၍ငါပြောသည့်စကားကိုနား မထောင်ကြ။ သို့ဖြစ်၍ဤမြို့နှင့်အနီးအနား ရှိမြို့အပေါင်းတို့အား ယခင်ငါဖော်ပြခဲ့ သည့်အတိုင်းပြစ်ဒဏ်စီရင်တော်မူမည်'' ဟု မိန့်တော်မူကြောင်းသူတို့အားဆင့်ဆို၏။