1-2. ထာဝရဘုရားကငါ့အား``အိုးထိန်းသည်၏ အိမ်သို့သွားလော့။ သင့်အားငါဗျာဒိတ်ပေး တော်မူမည်'' ဟုမိန့်တော်မူသဖြင့်၊-
3. ငါသည်ထိုအရပ်သို့သွားရာအိုးထိန်းစက် ကိုလှည့်လည်နေသောအိုးထိန်းသည်ကိုမြင်၏။-
4. သူသည်မိမိပြုလုပ်လျက်ရှိသည့်အိုးမြေ တွင်အပြစ်အနာအဆာကိုတွေ့သောအခါ ထိုအိုးမြေကိုယူ၍အခြားအရာဝတ္ထု တစ်ခုအဖြစ်သို့ပြောင်းလဲပြုလုပ်လိုက် လေသည်။
5. ထိုအခါထာဝရဘုရားကငါ့အား၊-
6. ``အိုးထိန်းသည်သည်ရွှံ့စေးကိုပြုသကဲ့သို့ ငါသည်လည်းသင်တို့ဣသရေလပြည်သား များအားမပြုနိုင်ပါသလော။ အို ဣသရေလ အမျိုးသားတို့၊ ရွှံ့စေးသည်အိုးထိန်းသည်၏ လက်တွင်း၌ရှိသကဲ့သို့ သင်တို့အမျိုးသား များသည်လည်းငါ၏လက်တွင်း၌ရှိကြ၏။-
7. အကယ်၍ငါသည်အဘယ်အခါ၌မဆိုဤ မည်သောလူမျိုးကိုသော်လည်းကောင်း၊ ဤမည် သောတိုင်းပြည်ကိုသော်လည်းကောင်းနုတ်ပယ် ဖြိုချဖျက်ဆီးတော်မူမည်ဟုဆိုပြီးနောက်၊-
8. ထိုလူမျိုးသည်နောင်တရပါမူငါ၏စိတ် ပြောင်းလဲလျက် ယခင်မြွက်ဆိုခဲ့သည့်အမှု များကိုမပြုဘဲငါနေမည်။-
9. သို့ရာတွင်အကယ်၍ငါသည်ဤမည်သော လူမျိုး သို့မဟုတ်တိုင်းပြည်ကိုပြုစုပျိုး ထောင်တည်ဆောက်မည်ဆိုပြီးနောက်၊-
10. ထိုလူမျိုးသည်ငါ၏ရှေ့တွင်ဒုစရိုက်များ ကိုပြုကျင့်လျက် ငါ၏စကားကိုနားမထောင် ပါမူငါ၏စိတ်ကိုပြောင်းလဲလျက် ယခင်ငါ မြွက်ဆိုသည့်ကောင်းမှုများကိုမပြုဘဲနေမည်။-
11. သို့ဖြစ်၍ငါသည်ယုဒပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ဆန့်ကျင် ဘက်ပြုရန်ကြံစည်လျက်နေတော်မူကြောင်း ကိုလည်းကောင်း၊ အပြစ်ဒဏ်ခတ်ရန်ပြင်ဆင် လျက်နေတော်မူကြောင်းကိုလည်းကောင်းပြော ကြားလော့။ အသီးသီးဒုစရိုက်တွင်ကျင် လည်မှုကိုရပ်စဲကြရန်၊ မိမိတို့လမ်းစဉ် နှင့်အကျင့်အကြံများကိုပြောင်းလဲကြ ရန်သူတို့အားထာဝရဘုရားဆင့်ဆို မှာကြားကြောင်းပြောကြားလော့။-
12. ထိုအခါသူတို့က``အကျွန်ုပ်တို့မပြောင်း လဲနိုင်ပါ။ အဘယ်ကြောင့်ပြောင်းလဲရပါ မည်နည်း။ ကျွန်ုပ်တို့သည်စိတ်ရှိလက်ရှိခေါင်း မာဆိုးညစ်လျက်နေကြပါမည်'' ဟုဆို ကြလိမ့်မည်။
13. သို့ဖြစ်၍ငါထာဝရဘုရားက၊``ဣသရေလသမီးပျိုသည်ကြောက်မက်ဖွယ် ကောင်းသည့်အမှုကိုပြုကြလေကုန်ပြီ။အဘယ်အခါကများဤအမှုမျိုးဖြစ် ပျက်ခဲ့ဖူးသနည်းဟုလူမျိုးတကာတို့အားမေးမြန်းလော့။
14. လေဗနုန်ကျောက်တောင်ထိပ်တို့သည်မိုးပွင့် များနှင့် ကင်းသည့်အခါရှိဖူးသလော။ထိုတောင်မှစီးဆင်းလာသောအေးမြသည့်ချောင်းများသည်ခန်းခြောက်သည့်အခါများ ရှိဖူးသလော။