ယေ​ရ​မိ 18:1-2-10 Common Language Bible (BCL)

1-2. ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အိုး​ထိန်း​သည်​၏ အိမ်​သို့​သွား​လော့။ သင့်​အား​ငါ​ဗျာ​ဒိတ်​ပေး တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​သ​ဖြင့်၊-

3. ငါ​သည်​ထို​အ​ရပ်​သို့​သွား​ရာ​အိုး​ထိန်း​စက် ကို​လှည့်​လည်​နေ​သော​အိုး​ထိန်း​သည်​ကို​မြင်​၏။-

4. သူ​သည်​မိ​မိ​ပြု​လုပ်​လျက်​ရှိ​သည့်​အိုး​မြေ တွင်​အ​ပြစ်​အ​နာ​အ​ဆာ​ကို​တွေ့​သော​အ​ခါ ထို​အိုး​မြေ​ကို​ယူ​၍​အ​ခြား​အ​ရာ​ဝတ္ထု တစ်​ခု​အ​ဖြစ်​သို့​ပြောင်း​လဲ​ပြု​လုပ်​လိုက် လေ​သည်။

5. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊-

6. ``အိုး​ထိန်း​သည်​သည်​ရွှံ့​စေး​ကို​ပြု​သ​ကဲ့​သို့ ငါ​သည်​လည်း​သင်​တို့​ဣ​သ​ရေ​လ​ပြည်​သား များ​အား​မ​ပြု​နိုင်​ပါ​သ​လော။ အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ရွှံ့​စေး​သည်​အိုး​ထိန်း​သည်​၏ လက်​တွင်း​၌​ရှိ​သ​ကဲ့​သို့ သင်​တို့​အ​မျိုး​သား များ​သည်​လည်း​ငါ​၏​လက်​တွင်း​၌​ရှိ​ကြ​၏။-

7. အ​ကယ်​၍​ငါ​သည်​အ​ဘယ်​အ​ခါ​၌​မ​ဆို​ဤ မည်​သော​လူ​မျိုး​ကို​သော်​လည်း​ကောင်း၊ ဤ​မည် သော​တိုင်း​ပြည်​ကို​သော်​လည်း​ကောင်း​နုတ်​ပယ် ဖြို​ချ​ဖျက်​ဆီး​တော်​မူ​မည်​ဟု​ဆို​ပြီး​နောက်၊-

8. ထို​လူ​မျိုး​သည်​နောင်​တ​ရ​ပါ​မူ​ငါ​၏​စိတ် ပြောင်း​လဲ​လျက် ယ​ခင်​မြွက်​ဆို​ခဲ့​သည့်​အ​မှု များ​ကို​မ​ပြု​ဘဲ​ငါ​နေ​မည်။-

9. သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​ဤ​မည်​သော လူ​မျိုး သို့​မ​ဟုတ်​တိုင်း​ပြည်​ကို​ပြု​စု​ပျိုး ထောင်​တည်​ဆောက်​မည်​ဆို​ပြီး​နောက်၊-

10. ထို​လူ​မျိုး​သည်​ငါ​၏​ရှေ့​တွင်​ဒု​စ​ရိုက်​များ ကို​ပြု​ကျင့်​လျက် ငါ​၏​စ​ကား​ကို​နား​မ​ထောင် ပါ​မူ​ငါ​၏​စိတ်​ကို​ပြောင်း​လဲ​လျက် ယ​ခင်​ငါ မြွက်​ဆို​သည့်​ကောင်း​မှု​များ​ကို​မ​ပြု​ဘဲ​နေ​မည်။-

ယေ​ရ​မိ 18