ယေ​ရ​မိ 17:6-23 Common Language Bible (BCL)

6. ထို​သူ​သည်​အ​ခြား​အ​ဘယ်​အ​ပင်​မျှ​မ​ပေါက် သည့်တော​ကန္တာ​ရ​မြေ​ရိုင်း​တွင်​ပေါက်​သည့်​ခြုံ​ပုတ် နှင့်​တူ​၏။သူ​သည်​အ​ဘယ်​ကောင်း​ကျိုး​ကို​မျှ​မ​ခံ​စား​ရ။''

7. ``သို့​ရာ​တွင်​ငါ့​ကို​ကိုး​စား​၍​ယုံ​ကြည်​သူ​အား ငါ​ကောင်း​ချီး​ပေး​မည်။

8. ထို​သူ​သည်​ရေ​အ​နီး​တွင်​စိုက်​သ​ဖြင့်​ရေ​ရှိ​ရာ​သို့ အ​မြစ်​ထိုး​၍​သွား​သည့်​သစ်​ပင်​နှင့်​တူ​၏။ထို​အ​ပင်​သည်​အ​ရွက်​များ​စိမ်း​လန်း​လျက်​ရှိ သ​ဖြင့် ပူ​ပြင်း​သည့်​ရာ​သီ​ကို​မ​ကြောက်။မိုး​ခေါင်​သော​အ​ခါ​၌​လည်း​စိုး​ရိမ်​စ​ရာ မ​ရှိ​ဘဲ အ​သီး​များ​သီး​မြဲ​သီး​၍​နေ​တတ်​၏။''

9. ``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''

10. ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​စိတ်​နေ သ​ဘော​ထား​ကို ရှာ​ဖွေ​၍​ကြည့်​တတ်​၏။စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​လည်း​စစ်​ဆေး​၍ ကြည့်​တတ်​၏။ငါ​သည်​လူ​အ​ပေါင်း​တို့​အား​သူ​တို့​လုပ်​ဆောင်​သည့် အ​ကျင့်​အ​ရထိုက်​သင့်​သည့်​အ​ကျိုး​အ​ပြစ်​ကို​ပေး​တတ်​၏'' ဟု​မိန့်​တော်​မူ​၏။

11. မ​သ​မာ​သော​နည်း​ဖြင့်​ငွေ​ရှာ​သော​သူ​သည် မိ​မိ​မ​ဥ​သည့်​ဥ​များ​ကို​ဝပ်​သော​ငှက်​နှင့်​တူ​၏။သူ​သည်​ပ​ထ​မ​အ​ရွယ်​၌​ပင်​စည်း​စိမ်​ဥစ္စာ ဆုံး​ပါး​လျက် လူ​မိုက်​အ​ဖြစ်​နှင့်​သာ​လျှင်​နိ​ဂုံး​ချုပ်​ရ​တတ်​၏။

12. ငါ​တို့​ဗိ​မာန်​တော်​သည်​အ​စ​ကာ​လ​က​ပင် တောင်​ပေါ်​တွင်​တည်​လျက်၊ဘုန်း​အ​သ​ရေ​ထွန်း​တောက်​သည့်​ရာ​ဇ​ပလ္လင်​နှင့် တူ​၏။

13. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မျှော်​ကိုး​ရာ​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​ကို​စွန့်​ပစ်​သူ​မှန်​သ​မျှ​သည် အ​ရှက်​ကွဲ​ကြ​လိမ့်​မည်။သူ​တို့​သည်​အ​သက်​စမ်း​ရေ​ချို​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်​ကြ​ပြီ​ဖြစ်​၍မြေ​မှုန့်​ပေါ်​တွင်​ရေး​သား​ထား​သည့်၊အ​မည် နာ​မ​များ ကဲ့​သို့​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။

14. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ကု​သ​တော်​မူ ပါ​မှကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​သည်​လုံး​ဝ ပျောက်​ကင်း​ပါ​လိမ့်​မည်။ကိုယ်​တော်​ရှင်​ကယ်​ဆယ်​တော်​မူ​ပါ​လျှင်ကျွန်​တော်​မျိုး​သည်​လုံ​ခြုံ​မှု​အ​ပြည့်​အ​ဝ ရ​ရှိ​ပါ​လိမ့်​မည်။ကိုယ်​တော်​ရှင်​ကား​ကျွန်​တော်​မျိုး​ထော​မ​နာ​ပြု​သည့် အ​ရှင်​ပင်​ဖြစ်​တော်​မူ​ပါ​၏။

15. လူ​တို့​က​ငါ့​အား``ငါ​တို့​အား​ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝါး​သည့်​အ​ရာ​များ​ကား​အ​ဘယ်​မှာ နည်း။ ယ​ခု​ပင်​ထို​အ​ရာ​များ​ကို​အ​ကောင် အ​ထည်​ဖော်​တော်​မူ​ပါ​လေ​စေ'' ဟု​ဆို​ကြ ပါ​၏။

16. သို့​ရာ​တွင်``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​သိုး​ထိန်း​အ​ဖြစ်​မှ​ရှောင်​လွှဲ​ခဲ့​ခြင်း​မ​ရှိ​ပါ။ ဆင်း​ရဲ​ဒုက္ခ​ရောက်​မည့်​နေ့​ကို​မ​တောင့်​တ​ခဲ့ ကြောင်း​ကို​လည်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​နှုတ်​မှ​ထွက်​သည့်​စ​ကား​များ ကို​ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။-

17. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ထိတ်​လန့် တုန်​လှုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ ဒုက္ခ​ရောက်​ချိန်​၌ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။-

18. ကျွန်​တော်​မျိုး​အား​နှိပ်​စက်​ညှင်း​ဆဲ​သူ​တို့​ကို အ​ရှက်​ကွဲ​စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​အား အ​ရှက်​ရ​မှု​မှ​ချမ်း​သာ​ပေး​တော်​မူ​ပါ။ ထို သူ​တို့​အား​ထိတ်​လန့်​တုန်​လှုပ်​စိတ်​နှင့်​ပြည့်​ဝ စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​ကို​ထိတ်​လန့်​တုန် လှုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​၏​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော် မူ​၍​သူ​တို့​အား​ကျိုး​ပဲ့​ကြေ​မွ​စေ​တော် မူ​ပါ။

19. ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ယေ​ရ​မိ၊ ယု​ဒ ဘု​ရင်​များ​ထွက်​ဝင်​ရာ၊ ပြည်​သူ့​မြို့​တံ​ခါး သို့​သွား​၍​ဗျာ​ဒိတ်​တော်​ကို​ကြေ​ညာ​လော့။ ထို​နောက်​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​ခြား​မြို့ တံ​ခါး​များ​သို့​သွား​လော့။-

20. ယု​ဒ​ဘု​ရင်​များ​နှင့်​ပြည်​သား​တို့​အား​လည်း ကောင်း၊ ထို​တံ​ခါး​များ​ဖြင့်​ထွက်​ဝင်​သွား​လာ တတ်​သူ​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​အား​လည်း​ကောင်း​ငါ​၏​အ​မိန့်​တော်​ကို​နား ထောင်​ရန်​မှာ​ကြား​လော့။-

21. ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​အ​ဘယ်​ဝန်​ထုပ်​ဝန်​ပိုး​ကို​မျှ​မ သယ်​မ​ဆောင်​ရ​ကြ။ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး များ​ကို​ဖြတ်​၍၊-

22. မိ​မိ​တို့​၏​အိမ်​များ​မှ​အ​ဘယ်​အ​ရာ​ကို​မျှ မ​သယ်​မ​ယူ​ရကြ။ သူ​တို့​သည်​ဥ​ပုသ်​နေ့​၌ အ​လုပ်​မ​လုပ်​ရ​ကြ။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ငါ​ပ​ညတ်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ထို နေ့​ရက်​ကို​နေ့​ထူး​နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း ကြ​ရန်​ပြော​ကြား​လော့။-

23. သူ​တို့​၏​ဘိုး​ဘေး​များ​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်​မ​နာ​ခံ​ကြ။ သူ​တို့​သည်​ခေါင်း​မာ လျက်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​လို​ကြ။ ငါ​ဆုံး​မ​သွန်​သင်​သည်​ကို​လည်း​မ​ခံ​ယူ လို​ကြ။

ယေ​ရ​မိ 17